4K
★ 7.4
ဇာတ်ကား / 2023Fast X (Aka) Fast and Furious 10
ဒွန်တို့ မိသားစုဆီကို ဒီတစ်ခါ လက်စားချေဖို့ ရောက်လာသူက သူတို့ရှင်းပစ်ခဲ့တဲ့ မူးယစ်ရာဇာ ရေးယက်စ်ရဲ့သား ဒန်တေပါ။ ဒန်တေက ဒွန့်ကို တန်းသတ်ပစ်ဖို့ထက် သူမသေခင်မှာ သူ့မိသားစုနဲ့ သူပိုင်ဆိုင်သမျှကို အရင်ဖျက်ဆီးချင်နေတယ်။ အဲဒီအတွက် အကွက်ချစီစဉ်ပြီး ထောင်ချောက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆင်ထားပါတယ်။ ဒွန်တို့မိသားစု အတူတကွ ရင်ဆိုင်ပြီး ဒီထောင်ချောက်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတဲ့ အက်ရှင်ဇာတ်လမ်းပါ။ Fast X ကို Hulk၊ Now You See Me နဲ့ Transporter တို့ ရိုက်ကူးခဲ့တဲ့ Louis Leterrier က ဒါရိုက်တာလုပ်ထားပါတယ်။ ဗန်ဒီဇယ်၊ ဂျွန်စီနာတို့နဲ့အတူ Tokyo Drift ထဲက Sung Kang ကလည်း Han အဖြစ် ပြန်ပါဝင်လာတယ်။ ပထမဇာတ်ကားကတည်းက ပါလာတဲ့ သရုပ်ဆောင်တွေထဲမှာ ဗန်ဒီဇယ်၊ Michelle Rodriguez နဲ့ Jordana Brewster တို့ ပါဝင်ထားသလို တခြားဧည့်သည်သရုပ်ဆောင်တွေလည်း ပါပါတယ်။
ဇာတ်ကားကြည့်ရန်