ဒီညတော့ မြိုပြမွန်းကြပ်မှုတွေရဲ့အဝေး နယ်မြိုလေးရဲ့ နွေရာသီတစ်ခုဆီ အတူတူထွက်ပြေးကြရအောင်လား နောက်ဆုံးတော့ Lawထဲကရုန်းထွက်လာတဲ့ KakaoTV နဲ့ Netflix ရဲ့ Romcom series လေးတစ်ခုဖြစ်တဲ့ Once Upon A Small Town ပြသမယ့်နေ့ရောက်ရှိလာပါပြီ။ Han JiYool ဆိုတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်လေးက သူ့အဖိုးရဲ့ဇာတိဖြစ်တဲ့ HeeDong ရွာလေးကို ရောက်ရှိလာပြီး အဖိုးရဲ့ တိရစ္ဆာန်ဆေးခန်းလေးကို တာဝန်ယူရဖိုဖြစ်လာပါတယ် ။ Ahn JaYoung ဆိုတဲ့ ရဲအရာရှိစာမေးပွဲဖြေဖိုပြင်ဆင်နေတဲ့ ကောင်မလေးကတော့ ဇာတိရွာလေးရဲ့ သာရေးနာရေး ကိစ္စအဝဝကို ကူညီဖိုအသင့်ဖြစ်နေတဲ့ ရဲမေလောင်းလေးဖြစ်ပါတယ် ။ ဒီလိုနဲ့ သူတိုနှစ်ဦးတွေ့ဆုံမိပြီး ရွာရဲ့အရေးအကြောင်းပေါင်းစုံမှာ အပြန်အလှန်ကူညီပေးကြရင်း နှစ်ဦးကြားမှာ Romance အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ပေါက်လာပါတော့တယ် ။ ကျေးလက်ရှုခင်းတွေနဲ့ သဘာဝဆန်တဲ့ ဇာတ်ကောင်စရိုက်လေးတွေကို ဟာသအနှော၊ ရိုမန့်စ်အရောလေးနဲ့ ခံစားရမှာမို သေချာပေါက် Healing ဖြစ်စေမယ့် ဒရာမာလေးပါ ။ main casts တွေကတော့ Joy , Choo YoungWoo, Bael SungChul တိုဖြစ်ပြီး အပိုင်း ၁၂ပိုင်းပါဝင်ပါမယ် ။ အချိုအအေးလေးမို ကြည့်ဖြစ်အောင်ကြည့်ကြပါလို Native Title: 어쩌다 전원일기 Episodes: 12 Aired: Sep 5, 2022 - Sep 28, 2022 Aired On: Monday, Tuesday, Wednesday Original Network: Daum Kakao TV Duration: 30 min. Content Rating: 13+ - Teens 13 or older Translated by Hay Thar Oo, Myo Myo Htet , Hnin Pale Encoded by Naing Aung Latt
ဇာတ်ကားကြည့်ရန်