4K
★ 8.6
ဇာတ်လမ်းတွဲ / 2022-2025Wednesday
အဒမ်စ်မိသားစုရဲ့ သမီး Wednesday က အရင်ကျောင်းကနေ အထုတ်ခံရပြီး နဲဗားမောကျောင်းကို ပြောင်းလာပါတယ်။ သာမန်ကျောင်းနဲ့မတူဘဲ သွေးစုတ်ကောင်တွေ၊ ဝံပုလွေတွေလို သဘာဝလွန်မျိုးနွယ်တွေ တက်နေတဲ့ကျောင်းပါ။ သူ့အဖေနဲ့အမေ စတွေ့ခဲ့တဲ့နေရာလည်း ဖြစ်သလို ကျောင်းအုပ်ကလည်း အမေရဲ့ ကျောင်းနေဖက်ဖြစ်နေပါတယ်။ ကျောင်းအသစ်မှာ အခြေကျဖို့တောင် မပြီးသေးခင် ကျောင်းပတ်ဝန်းကျင်က ထူးဆန်းတဲ့ လူသတ်မှုတွေနဲ့ ရင်ဆိုင်လာရတယ်။ ဒီအမှုတွေကြားမှာ Wednesday ဘာတွေ ကြုံတွေ့မလဲဆိုတာကို သဘာဝလွန်ပဟေဠိတွေ၊ ခပ်မှောင်မှောင်ဟာသတွေနဲ့ တွဲကြည့်ရမှာပါ။ Tim Burton ရဲ့ ထူးခြားတဲ့ ဇာတ်လမ်းကမ္ဘာတွေကို ကြိုက်သူတွေဆိုရင် လူ့ကန့်လန့်သဘောရှိတဲ့ အဒမ်စ်မိသားစုနဲ့ ဒီကျောင်းက လူထူးဆန်းတွေကိုပါ စိတ်ဝင်စားနိုင်ပါတယ်။
ဇာတ်ကားကြည့်ရန်