"သာမန်လူတွေ အကျပ်အတည်းထဲရောက်သွားရင် ဘယ်လိုတိုက်ပွဲဝင်ကြမလဲ " ရဲအရာရှိ ဖြစ်သူ "ဒျောင်" ဟာ မူးယစ်ရာဇာ ဗိုလ်ချုပ်ကျန်းကို ဖမ်းဆီးရင်း သူ့ရဲ့ဆရာ သေဆုံးသွားခဲ့ရတဲ့အတွက် စိတ်ထိခိုက်ပြီး အလုပ်ကနေ ခွင့်ယူပြီး အနားယူခဲ့ပါတယ် စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ တိုက်ကွမ်ဒိုချန်ပီယံဖြစ်တဲ့ သူ့ညီမ"ယွီး" နဲ့အတူ ထိုင်း-မြန်မာနယ်စပ်က ကျေးရွာလေးတစ်ရွာကို အလှူအတန်းလုပ်ဖို့နဲ့ အားကစားပစ္စည်းတွေ သွားရောက်ပေးဝေဖို့ လိုက်ပါသွားခဲ့ပါတယ် ဒါပေမဲ့ သူတိုရောက်ရှိပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကျန်းရဲ့ လက်အောက်ခံ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့က အဲဒီရွာကို အကြမ်းဖက်စီးနင်းပြီး ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ် သူတို့က ဝန်ကြီးချုပ်ကနေ ဗိုလ်ချုပ်ကျန်းကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီး မလိုက်လျောခဲ့ရင် ဘန်ကောက်မြို့ကို နျူကလီးယားဒုံးကျည်နဲ့ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်လာတဲ့အခါ... ဒျောင်နဲ့ အားကစားသမားတွေ ရွာသားတွေပူးပေါင်းပြီး သူတို့ရဲ့ အားကစားနည်းပညာရပ်တွေနဲ့ အကြမ်းဖက်သမားတွေကို ရဲရဲဝံ့ဝံ့နဲ့ ဘယ်လို ပြန်လည်တိုက်ခိုက်ကြမလဲဆိုတာ.... လက်နက်ကိုင်အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အပြင် လူတိုင်းရဲ့ အားသာချက်ဖြစ်တဲ့ Muay Thai၊ Gymnastics၊ Taekwondo၊ Boxing စတဲ့ ကိုယ်ခံပညာနဲ့ အားကစားစွမ်းရည်တွေကို ပေါင်းစပ်ပြီး အမိုက်စားအက်ရှင်ခန်းတွေကို ဒီကားထဲမှာ ဆက်လက်ကြည့်ရှုခံစားကြည့်လိုက်ပါဦး
ဇာတ်ကားကြည့်ရန်