ဒီခရစ်စမတ်အထူးအပိုင်းမှာ Boss Baby တစ်နှစ်သားအရွယ်တုန်းက ပထမဆုံးကြုံခဲ့ရတဲ့ ခရစ်စမတ်ကို နောက်ကြောင်းပြန်ထားပါတယ်။ ခရစ်စမတ်မတိုင်ခင် နာရီပိုင်းအလိုမှာ သူနဲ့ ဆန်တာ့ရဲ့ အားအကိုးရဆုံး နတ်သူငယ်လေးတို့ နေရာချင်းလွဲသွားကြတယ်။ အဲဒီလိုနဲ့ Boss Baby ဟာ ဆန်တာရှိတဲ့ မြောက်ဝင်ရိုးစွန်းကို ရောက်သွားပါတယ်။ နဂိုကတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့သူက ဆန်တာ့လက်ဆောင်စက်ရုံထဲ ရောက်ပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါ အဆင်မပြေတာတွေ စတော့တာပါပဲ။ Boss Baby က ဆန်တာ့ဆီမှာ ဘယ်လိုဆရာလုပ်ဦးမလဲဆိုတာနဲ့အတူ သူ့နေရာကို ရောက်သွားတဲ့ နတ်သူငယ်လေး ဘာတွေကြုံရမလဲဆိုတာကိုလည်း တွဲပြထားပါတယ်။ မိသားစုလုပ်ငန်းဆိုတဲ့ အမည်အောက်မှာ အလုပ်သမားအခွင့်အရေးတွေ ကန့်သတ်ခံရပုံနဲ့ လုပ်ငန်းရှင်တွေက ကိုယ့်အကျိုးကိုပဲ ရှေ့တန်းတင်ပုံတွေကို စကားပြောခန်းတွေကနေ သရော်ထားတဲ့ အန်နီမေးရှင်းအပိုင်းပါ။
ဇာတ်ကားကြည့်ရန်