ဆယ်ရာနဲ့ မိုက်ကယ်တို့က ချစ်သူဖြစ်လာတာကြာပြီဖြစ်ပြီး မကြာခင် လက်ထပ်ကြတော့မယ့် စုံတွဲပါ။ လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ဖခင်ကို သွားတွေ့ဖို့ ခရီးထွက်လာကြတယ်။ လမ်းမှာ တစ်ခုခုကို ကားနဲ့တိုက်မိလိုက်ပေမယ့် ပြန်ကြည့်တဲ့အခါ ဘာမှမတွေ့ရဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ခရီးဆက်လာရင်း သူတို့နောက်ကို မသင်္ကာစရာ ကားတစ်စီး လိုက်နေတယ်ဆိုတာ သတိထားမိလာကြပါတယ်။ အဲဒီကားကို ရှောင်ဖို့ လမ်းဘေးရပ်နားစခန်းက စားသောက်ဆိုင်တစ်ဆိုင်ထဲ ဝင်နေခဲ့ကြတယ်။ ခဏနားပြီး ပြန်ထွက်လာလည်း ကားက နောက်ကလိုက်နေဆဲဖြစ်လို့ ဆယ်ရာက ဘယ်သူမောင်းနေတာလဲဆိုတာ သိရအောင် ကားပေါ်ကဆင်းပြီး သွားကြည့်လိုက်တယ်။ ဒါပေမဲ့ ထိတ်လန့်စရာတစ်ခုကို တွေ့လိုက်ရတဲ့အတွက် ကြောက်ကြောက်လန့်လန့်နဲ့ ကားကို ခြေဦးတည့်ရာ ဆက်မောင်းခဲ့ရပါတယ်။ နောက်ကကားကိုလည်း မျက်ခြည်ဖြတ်လို့မရသလို ရှေ့မှာပြန်တွေ့လိုက်ရတာက ခုနဝင်နားခဲ့တဲ့ စားသောက်ဆိုင်ပဲ ဖြစ်နေတယ်။ ဒီတစ်ခါတော့ ဆိုင်ထဲဝင်ပြီး အကူအညီတောင်းကြရပါတယ်။ မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျပြီး အိပ်ဖို့အခန်း စီစဉ်ပေးမယ်ဆိုလို့ တစ်ညနားဖို့ ပြင်ဆင်လိုက်ကြတယ်။ ဒါပေမဲ့ အားကိုးမိတဲ့ မန်နေဂျာကလည်း သူတို့ကို လှည့်စားဖို့ ကြံနေမှန်း သိလာကြရပြန်တယ်။ နောက်ကကားက ဘာကြောင့် လိုက်နေတာလဲ၊ ဘယ်လောက်မောင်းထွက်သွားသွား ဒီစားသောက်ဆိုင်ကိုပဲ ဘာလို့ ပြန်ရောက်နေရတာလဲ၊ မန်နေဂျာကရော သူတို့ဆီက ဘာလိုချင်နေတာလဲ။ ဆယ်ရာနဲ့ မိုက်ကယ်တို့ ဒီနေရာကနေ လွတ်မြောက်နိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်