Karuppu Petti (2024) လျှို့ဝှက်ချက် လူတိုင်းမှာ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ်တစ်ဦးတည်းပဲသိတာ၊ ကိုယ့်မိသားစုကပဲသိတာ၊ ကိုယ့်သူငယ်ချင်းကပဲသိတာ အစရှိသည်ဖြင့်ပေါ့လေ။ ဒီဇာတ်ကားလေးထဲမှာလည်း လျှိဝှက်ချက်ကြောင့် ဘဝအချိုးအကွေ့ဖြစ်လာပုံကို တင်ဆက်ပြသထားပါတယ်။ မဟေ့ရှ်ဆိုတဲ့ ကောင်လေးက ဘဝမှာ သူနဲ့နာမည်တူသူတွေ များလွန်းလို့ သူတိုနဲ့ ကွဲပြားကြောင်း သိရှိရလေအောင် ပူးတွဲခေါ်ဆိုတဲ့ နာမည်ပြောင်တွေ များစွာရှိသူရယ်ပါ။ နောက်ဆုံးသူဇနီးနာမည်ကပါ မဟေ့ရှ်ဝါရီ ဖြစ်လို့နေပါတယ်။ သူကအလုပ်မှာလည်း ခွင့်တစ်ရက်တောင်မယူဘဲ ကြိုးစားသူပါ။ သူအကြောင်းရင်းရှိလို ခွင့်တစ်ရက်ယူတာတောင် သူဌေးက တစ်ပတ်လောက်ယူလို့ရကြောင်း နားချရတဲ့အထိပါပဲ။ တစ်နေ့ သူက အလုပ်ကိစ္စနဲ့ နှစ်ရက်လောက်ခရီးထွက်ရဖို့ ဖြစ်လာပါတယ်။ အလုပ်ခရီးဆိုပေမဲ့ ဘော်ဒီစပရေးပါဖိုလောက်ပဲ အရေးစိုက်နေပြီး ပျော်ရွှင်တက်ကြွစွာ ပြင်ဆင်ပြီး ထွက်သွားတဲ့မဟေ့ရှ်ကို သူ့မိန်းမက သင်္ကာမကင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ မဟေ့ရှ်ဝါရီရဲ့ညီမ၊ သူတိုရဲ့ဇာတိ မြိုလေးမှာနေထိုင်နေသူက ဖုန်းဆက်လာပါတယ်။ မဟေ့ရှ်ဝါရီကို ငယ်ငယ်ကရည်းစားစာပေးဖူးတဲ့ ဘေးအိမ်ကကောင်လေး ကာသီက လယ်အလုပ်လုပ်ရင်း ပိုးထိသေဆုံးသွားပါတယ်တဲ့။ မဟေ့ရှ်ဝါရီကို အခုထိမမေ့နိုင်သေးလို အိမ်ထောင်တောင်မကျသေးကြောင်း သိသွားတဲ့အခါမှာတော့ စိတ်မကောင်းအလွန် ဖြစ်သွားပါတော့တယ်။ သူ့ယောက်ျားမဟေ့ရှ် အလုပ်ခရီးကပြန်လာတော့လည်း အိမ်ဟာရှုပ်ပွလို သူကိုယ်တိုင်လည်း နွမ်းနယ်ပင်ပန်းနေပါတယ်။ ကာသီရဲ့သတင်းကိုကြားတာနဲ့ မဟေ့ရှ်ဝါရီက ဘာဖြစ်သွားတာလဲ၊ မဟေ့ရှ်ကရော တကယ်ပဲ အလုပ်ခရီးထွက်တာလား၊ သူတိုရဲ့ဆက်ဆံရေးအပေါ် ဒီအရာတွေက ထိခိုက်လာနိုင်လားဆိုတာ ခံစားကြည့်ရှု၊ အဖြေထုတ်ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~KKKZ~Cym တို့ပဲဖြစ်ပါတယ်။ File size…1.5 GB / 768 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 48min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by STAR~KKKZ~Cym
ဇာတ်ကားကြည့်ရန်