မူးယစ်ဆေးဖြတ်ပြီး မရိန်းတပ်သားဖြစ်လာတဲ့ လူငယ်တစ်ယောက်ဟာ တပ်ထဲဝင်ပြီးတာတောင် အရင်ကအကြွေးတွေ မကျေသေးလို့ အခက်တွေ့နေပါတယ်။ သူ့မိသားစုက မျိုးဆက်သုံးဆက်လုံး မရိန်းတပ်သားတွေဖြစ်ပြီး အဖေကလည်း တာဝန်ထမ်းဆောင်ရင်း ရန်သူကြောင့် ဒဏ်ရာရတာ ဒါမှမဟုတ် ကျဆုံးတာအတွက် ပေးအပ်တဲ့ Purple Hearts ဆုကို ရထားသူပါ။ ဆေးရောင်းသူက အကြွေးလာတောင်းနေတော့ မိသားစုကို ရန်ရှာမှာစိုးပြီး ပြန်ဆပ်နေပေမယ့် သူ့မှာ ငွေမလောက်ဘူး။ တစ်ဖက်မှာလည်း ဂီတကို ဝါသနာပါတဲ့ အဆိုတော်မလေးတစ်ယောက်ဟာ ဆီးချိုရောဂါအတွက် အင်ဆူလင်ဝယ်ဖို့ ငွေအခက်အခဲ ဖြစ်နေပါတယ်။ ကျန်းမာရေးအာမခံက သူလိုအပ်တဲ့ ဆေးပမာဏအတွက် မကာမိသလို ကိုယ့်ငွေနဲ့ ထပ်ဝယ်ဖို့လည်း မတတ်နိုင်တော့ဘူး။ တစ်ညမှာ မရိန်းတပ်သားတွေ သူအလုပ်လုပ်တဲ့ဘားကို ပွဲလာလုပ်ကြရင်း တပ်သားတစ်ယောက်ရဲ့ ဇနီးဆိုရင် ကျန်းမာရေးအာမခံ အပြည့်အဝရတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါနဲ့ မရိန်းတပ်သားတစ်ယောက်ကို လက်ထပ်ဖို့ စဉ်းစားလာတယ်။ အကြွေးဆပ်ဖို့ ငွေလိုနေတဲ့ တပ်သားနဲ့ ဆေးဖိုးအတွက် အခက်တွေ့နေတဲ့ အဆိုတော်မလေးတို့ဟာ အကျိုးခံစားခွင့်တွေရဖို့ အယောင်ဆောင် လက်ထပ်လိုက်ကြပါတယ်။ ကောင်မလေးက ဆေးဖိုးရပြီး တပ်သားက ထောက်ပံ့ကြေးရမယ့် ဒီအစီအစဉ်ကနေ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ပြထားတာပါ။ Tess Wakefield ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားပြီး Sofia Carson က အဆိုတော်မလေးအဖြစ် ပါဝင်ထားပါတယ်။ သီချင်းတွေလည်း အများအပြား ပါဝင်တဲ့ ဂီတနဲ့ အချစ်ဒရာမာဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်