Drive Through Fire (2026) ++++++++++++++ Michael Jai White ရဲ့ ပရိသတ်တွေအတွက် ရင်တထိတ်ထိတ်နဲ့ အမောတကောကြည့်ရမယ့် အက်ရှင်ကားသစ်လေးတစ်ခု ညွှန်းပေးချင်ပါတယ်။ ဒီကားထဲမှာတော့ စစ်ပြန်ဟောင်းတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာတော့ တက္ကစီကားမောင်းစားနေရတဲ့ ဂျေဆန်ဆိုတဲ့လူက သူ့ကားပေါ်ပါလာတဲ့ အမျိုးသမီးခရီးသည်လေးဟာ အဆင့်မြင့်လူကုန်ကူးမှုဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲတာခံထားရမှန်း ရုတ်တရက်သိသွားခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဂျေဆန်တစ်ယောက် ဇာတ်လိုက်မင်းသားပီပီ မတရားတာကို ဝင်ပါရာကနေ အကျင့်ပျက်အမတ်တစ်ယောက်ကို သတ်မိသွားပြီး လူကုန်ကူးတဲ့အဖွဲ့၊ ရုရှားမာဖီးယားဂိုဏ်းတွေအပြင် ရဲတပ်ဖွဲ့ရဲ့ တစ်ပြိုင်နက်တည်း လိုက်လံဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ တစ်ဖက်မှာလည်း စုံထောက်တစ်ယောက်က သူ့ကိုကူညီဖို့ ကြိုးစားနေပေမဲ့ အခြေအနေတွေက တဖြည်းဖြည်း ပိုဆိုးလာပြီး သေနတ်သံတွေ၊ သွေးထွက်သံယိုတွေနဲ့အတူ မိန်းကလေးကို ကယ်တင်ဖို့ အသက်လုတိုက်ပွဲဝင်ရတဲ့အထိ ဇာတ်ရှိန်တက်လာမှာပါ။ ဇာတ်လမ်းအစကနေ အဆုံးအထိ ပရိသတ်ကို ထိုင်ခုံမှာ ငြိမ်ငြိမ်မထိုင်နိုင်အောင် ဆွဲခေါ်သွားမယ့် ဇာတ်ကားကောင်းဖြစ်လို့ အက်ရှင်ချစ်သူတွေ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File Size… (1.68GB) / (883MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 27m Genre …Action, Crime, and Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်