သိပ္ပံစိတ်ကူးယဉ်ကားတွေကို ခရေဇီဖြစ်ရင်တော့ ဒီနှစ်ထဲမှာမှ ပူပူနွေးနွေး ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ပါတော့ဗျာ။ ဇာတ်လမ်းအကျဉ်း မဝေးလှတဲ့အနာဂါတ်တစ်ခုမှာ ကမ္ဘာမြေက လေထုအဆိပ်သင့်လာပြီး လူသားတွေဟာ ကမ္ဘာမြေပေါ်မှာ ကြာကြာဆက်နေလို့ မဖြစ်တော့တာကြောင့် ကမ္ဘာမြေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတူပြီးတော့ လူသားတွေနေထိုင်လို့ရမဲ့ဂြိုဟ်တွေကို ရှာဖွေဖို့ အာသာသယာဉ် ခြောက်စီး စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။ ရီယာအပါအဝင် ဒေးဗစ် ဦးဆောင်တဲ့ ယာဉ်မှူးခုနှစ်ယောက်ပါဝင်တဲ့ ခုနှစ်စင်းမြောက် အာကာသယာဉ်ကတော့ ကမ္ဘာမြေက သိပ္ပံပညာရှင်တွေ ရှာတွေ့ထားတဲ့ ဂြိုဟ်တစ်ခုကို အောင်မြင်စွာ ဆက်သက်နိုင်ခဲ့ပါတယ်။ သူမတို့ဟာ အဲဒီဂြိုဟ်ပေါ်မှာ လေ့လာရှာဖွေရင်းနဲ့ ဂြိုဟ်သားနည်းပညာတွေနဲ့ တည်ဆောက်ထားတဲ့ တွင်းပေါက်ကြီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီတွင်းပေါက်ကြီးတွေဟာ ကမ္ဘာမြေရဲ့ လေထုပြဿနာကို ဖြေရှင်းနိုင်ဖို့ သော့ချက်ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် အဲဂြိုဟ်မှာပဲ စခန်းချကာ ဆက်လက်နေထိုင်ရင်း စမ်းသပ်လေ့လာနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်စနစ်က မူမမှန်တဲ့သက်ရှိလှုပ်ရှားမှု တွေ့ရှိကြောင်း ခဏခဏ သတိပေးချက်တွေ ပို့ပေးနေခဲ့ပါတယ်။ သူမတို့ဟာလည်း ဘယ်လိုလိုက်ရှာလိုက်ရှာ မတွေ့နေခဲ့ပါဘူး။ ဒီတော့ သူမတို့ရဲ့ ဒီဂြိုဟ်ပေါ်မှာ ကမ္ဘာမြေကိုကယ်တင်မဲ့ခရီးဟာ ထင်ထားသလောက် ဖြောင့်ဖြူးပါ့မလား၊ ဂြိုဟ်သားနည်းပညာတွေရှိနေမှတော့ ဂြိုဟ်သားတွေ မရှိပဲနေပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (5.4 GB) / (1.4 GB) / (820 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre... Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo
ဇာတ်ကားကြည့်ရန်