ကလမ်မန့်စ်မစ်လာက ကောလိပ်တက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့မှာ bipolar disorder ရှိမှန်း သိလိုက်ရတဲ့နောက် ကျောင်းထွက်ပြီး မိဘတွေရှိတဲ့မြို့ကို ပြန်လာနေပါတယ်။ အဲဒီကနေ သူ့စိတ်ကျန်းမာရေးအခြေအနေနဲ့အတူ နေထိုင်ဖို့ ကြိုးစားရပုံ၊ ကြုံရတဲ့ အခက်အခဲတွေနဲ့ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေအပေါ် သက်ရောက်ပုံတွေကို ဆက်ပြထားတယ်။ ဒီကားရဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူနဲ့ အဓိကသရုပ်ဆောင်က Alex Heller ပါ။ မူရင်းအညွှန်းအရ သူကိုယ်တိုင်လည်း bipolar disorder ရှိသူဖြစ်ပြီး အင်တာဗျူးတစ်ခုမှာ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ရည်ရွယ်ချက်အကြောင်း ပြောထားပါတယ်။ စိတ်ရောဂါအကြောင်း ရိုက်ကူးရာမှာ အဆိုးရွားဆုံး၊ အမှောင်မိုက်ဆုံးကာလတွေကိုသာ ပြသလေ့ရှိတာကြောင့် ဒီကားမှာ နေ့စဉ်သာမန်အချိန်တွေနဲ့ ရယ်စရာအခြေအနေတွေကိုပါ ထည့်ထားတယ်လို့ ဆိုပါတယ်။ စိတ်ကျန်းမာရေးပြဿနာက ကာယကံရှင်တစ်ယောက်တည်းအပြင် မိသားစုအပေါ်မှာပါ သက်ရောက်မှုရှိတာကိုလည်း ပြချင်ခဲ့တာပါ။
ဇာတ်ကားကြည့်ရန်