လျှို့ဝှက်ထောက်လှမ်းရေးအရာရှိဟောင်း ဆာတီရာက ပင်စင်ယူပြီး တက္ကသိုလ်မှာ သင်တန်းတွေပို့ချနေသူပါ။ မလေးရှားမှာ လေယာဉ်ပျောက်ဆုံးမှုတစ်ခုကို စုံစမ်းဖို့ အကြောင်းပေါ်လာတဲ့အချိန်မှာပဲ သူ့မြေး ပူထရာဆီက အလည်လာဖို့ ဖိတ်ခေါ်မှု ရောက်လာပါတယ်။ ပူထရာက မလေးရှားက ဟိုတယ်တစ်ခုမှာ မန်နေဂျာလုပ်နေပြီး အိမ်ထောင်ပြုဖို့ စီစဉ်နေတာပါ။ ဒါကြောင့် အဖိုးဆီက ခွင့်ပြုချက်တောင်းဖို့ ဆာတီရာကို ခေါ်လိုက်တာဖြစ်တယ်။ ဆာတီရာကလည်း ကိုယ်တိုင် ကွင်းဆင်းစုံစမ်းပြီး အသက်ကြီးပေမယ့် စွမ်းဆောင်နိုင်သေးကြောင်း ပြချင်နေတော့ မြေးရှိရာ မလေးရှားကို ထွက်လာပါတော့တယ်။ အဲဒီနောက်မှာတော့ ဂွကျကျနေတတ်တဲ့ ဆာတီရာတစ်ယောက် လေယာဉ်ပျောက်ဆုံးမှုကို ဘယ်လိုစုံစမ်းသွားမလဲဆိုတာ ဇာတ်လမ်းကို တဖြည်းဖြည်း ဖော်ပြထားပါတယ်။ The Raid ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Ray Sahetapy က တွဲဖက်ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ထားပြီး အက်ရှင်၊ ဟာသ၊ ဒရာမာနဲ့ အချစ်ရေးတို့ ရောစပ်ထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ပါ။
ဇာတ်ကားကြည့်ရန်