နာမည်ကြီးစာရေးဆရာမတစ်ယောက်ဟာ စာရေးမထွက်တော့တဲ့အတွက် ဆိတ်ငြိမ်ရိပ်သာတစ်ခုမှာ တစ်ယောက်တည်းနေပြီး စာရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနေရာမှာ သူ့ကို ကူညီပေးမယ့် အေအိုင်နှစ်မျိုးရှိတယ်။ တစ်ခုက နေ့စဉ်ဝေယျာဝစ္စတွေ လုပ်ပေးမယ့် ရိုဘော့လက်ထောက်ဖြစ်ပြီး နောက်တစ်ခုကတော့ အရိပ်သဏ္ဌာန်နဲ့ ပေါ်လာကာ အကြံပေးလမ်းညွှန်ပေးမယ့် အေအိုင်ပါ။ စာရေးပြီးမှပဲ အဲဒီနေရာကနေ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ဝင်သွားပြီး စနစ်တစ်ခုလုံး ကမောက်ကမဖြစ်ကုန်တဲ့အခါ တိတ်တိတ်ဆိတ်ဆိတ် စာရေးဖို့လာတဲ့ သူ့အတွက် အခြေအနေပြောင်းသွားတယ်။ ကူညီပေးရမယ့် ရိုဘော့အေအိုင်နဲ့ ပြဿနာတွေတက်လာပြီး ဇာတ်လမ်းက သိပ္ပံစိတ်ကူးယဉ်ကနေ သည်းထိတ်ရင်ဖိုဘက်ကို ရောက်လာပါတယ်။ Boston Science Fiction Film Festival မှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်အနုပညာဖန်တီးမှုဆုနဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုတွေ ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်