The Cure (2026) အယ်လီဘရောင်းဟာ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်၊ ပညာရှင် လင်မယားရဲ့ အသက် ၁၆ နှစ်အရွယ် မွေးစားသမီးလေးဖြစ်ပြီး ရှားပါးရောဂါတစ်မျိုးကိုခံစားနေရတာပါ။ အဲ့ဒီရောဂါကြောင့် မွေးစားမိဘနှစ်ပါးက သူ့ကိုပိုးမွေးသလိုယုယပြီး အရိပ်တကြည့်ကြည့်စောင့်ရှောက်ထားတဲ့အတွက် ရွယ်တူအပေါင်းအသင်းလည်းမရှိပါဘူး။ တစ်နေ့တော့ မိဘတွေအလစ် ကမ်းခြေဘက်လမ်းလျှောက်ရင်း ရလာတဲ့ သူငယ်ချင်းအသစ်လေး ဘရွတ်ခ်ကိုတော့ သူတွယ်တာမိတဲ့အတွက် သူ့မိဘတွေက အချင်းချင်းတိုင်ပင်ပြီး သူ့ကိုအဖော်ပြုပေးဖို့ ငွေပေးအလုပ်ခန့်လိုက်ပါတယ်။ ဒါပေမယ့်လည်း ဘရွတ်ခ်က သူ့အပေါ် သူငယ်ချင်းသံယောဇဉ်ထက်ပိုစပြုလာပြီး သူ့မွေးစားမိဘတွေနဲ့ပတ်သက်ပြီး မူမမှန်တာတွေကိုလည်း သတိထားမိလာပါတယ်။ အဲ့ဒီအကြောင်းတွေ အယ်လီကိုပြောပြပေမယ့် သူ့မိဘတွေကို မျက်စိမှိတ်ယုံကြည်ဆဲဖြစ်နေတဲ့ အယ်လီကို ဒီအကြံဆိုးနဲ့ မွေးစားမိဘတွေဆီကနေ ဘရွတ်ခ်တစ်ယောက်ဖြစ်တဲ့ နည်းနဲ့ခေါ်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ သူ့မွေးစား မိဘတွေဟာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ အယ်လီကိုမွေးစားခဲ့တာလား? အပေါ်ယံချိုသာမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုကြောက်စရာလှည့်ကွက်တွေရှိနေမလဲ? ဒီဘဝကနေ သူ တကယ်လွတ်မြောက်နိုင်ဦးမှာလား? ဆက်လက်ရှုစားကြပါ။ File size… (1.2 GB) / (600 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:31:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်