★ 6.4
ဇာတ်ကား / 2023Hypnotic
ရဲစုံထောက် ရွတ်ခ်ရဲ့သမီးလေးကို လူတစ်ယောက်က ပြန်ပေးဆွဲသွားခဲ့ပါတယ်။ ပြန်ပေးဆွဲသူကို ရှာတွေ့ပေမယ့် သမီးကို ဘယ်မှာထားခဲ့သလဲဆိုတာ အဲဒီလူကိုယ်တိုင် မမှတ်မိတော့ဘူး။ ဒီလိုနဲ့ သမီးလေးကို ပြန်ရှာမတွေ့ဘဲ အမှုကို လက်လျှော့လိုက်ရပါတယ်။ အခြားအမှုတစ်ခုကို လိုက်စုံစမ်းနေချိန်မှာတော့ လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးစေခိုင်းနိုင်တဲ့ အစွမ်းရှိသူတစ်ယောက်နဲ့ ရွတ်ခ် ဆုံမိသွားတယ်။ အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ပါ ထူးထူးခြားခြား ဆက်စပ်နေတဲ့အတွက် နောက်ကြောင်းပြန်လိုက်ရတော့မှာပါ။ Robert Rodriguez ရိုက်ကူးပြီး ဘန်အက်ဖလစ်က ရွတ်ခ်အဖြစ် သရုပ်ဆောင်ထားတဲ့ လှည့်ကွက်တွေပါတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကား ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်