The Lego Batman Movie (2017) IMDb Rating (7.3) / Rotten Tomatoes (89%) 2017 အစောပိုင်းရဲ့ အသေခွီရတဲ့ Animation ဇာတ်ကားကို ပြပါဆိုရင်တော့ ဒီကားလေးကိုပဲပြရပါမယ်။ ဇာတ်ကားအစ ကုမ္ပဏီ တံဆိပ် intro ထဲကဆြာဘတ်ရဲ့ ဖောက်ချက် ဖောက်ချက်တွေဆိုတာဇာတ်ကား စလည်ဆုံးကို မပျင်းရိရအောင်အခွီတွေ တစ်ပြုံကြီးနဲ့ အဖောက်တွေတစ်ပြုံကြီးနဲ့ ကြည့်ရသူ ပြုံးပျော်စေရအောင်ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ DC ရဲ့ နာမည်ကျော် ဆြာဘတ်နဲ့ အချစ်တော်ဗီလိန်ကြီးတွေကို WB EntertainmentLego ကုမ္ပဏီ တို့ ပေါင်းပြီးLego အရုပ်ကလေးတွေ ပုံစံနဲ့ ဇာတ်ကောင်တွေကိုတင်ဆက်ထားပြီး ဇာတ်ကားရုံမတင်ခင်ကတည်းကဇာတ်ကောင် MiniFiguresလေးတွေထွက်ရှိထားလို့Lego Minifigures collectorsတွေကြားရေပန်းစားခဲ့ပြီး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Batman ရဲ့ စိမ်းကားလှတဲ့စကားတစ်ခွန်းကြောင့်Batman ရဲ့ respect ကို ရယူချင်တဲ့Joker ဟာအကြံအစည်သစ်တစ်ခုနဲ့ဗီလိန်တစ်ကာ့ထိပ်ခေါင်ကြီးတွေ ကိုအကျဉ်းချထားတဲ့အာကာသ phantom Zone ကို ဖွင့်ချဖို့ကြံစည်ပါတော့တယ်။ ဒါကို ဆြာဘတ်ဟာ အိမ်တော်ထိန်းကြီး အဲဖရက်ရဲ့မင်းကြီးဂေါ်ဒွန်ရဲ့ သမီး ဘာဘရာ(Bat Girl) ၊ Robin(Dick Grason)တို့ရဲ့ အကူအညီနဲ့တားဆီးကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ ဆြာဘတ်က ဂျိုကြီးကို ဘယ်လိုများစိမ်းကားရက်စက်လိုက်လဲPhantom Zone ထဲကကျလာမယ့်ရင်းနှီးပြီးသား ဗီလိန်ကြီးတွေကရော ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်ကြည့်ပြီးရယ်မောပျော်ရွှင် ဘဝအမောတွေပြေနိုင်ကြပါစေလို့ညွှန်းပေးလိုက်ပါရစေခင်ဗျာ။ File size…(6.1 GB) / (1.9 GB) / (1.3 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Animation,Comedy Duration….01:44:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Litteneo, HanHtooZaw
ဇာတ်ကားကြည့်ရန်