★ 6.4
ဇာတ်ကား / 2023Your Place or Mine
ပီတာနဲ့ ဒက်ဘီတို့က ငယ်သူငယ်ချင်းတွေပါ။ အကြောင်းတစ်ခုကြောင့် ဝေးသွားကြပေမယ့် အဆက်အသွယ်မပြတ်ကြသလို တစ်ယောက်အကြောင်းတစ်ယောက်လည်း နားလည်ကြတယ်။ ဒက်ဘီက ကလေးတစ်ယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေတဲ့ မိခင်ဖြစ်ပြီး ပီတာကတော့ လူလွတ်ပါ။ ကိုယ်သဘောကျတဲ့ မိန်းကလေးတွေနဲ့ တွဲဖြစ်ပေမယ့် သူ့အချစ်ရေးတွေက ခြောက်လတောင် မခံပါဘူး။ တစ်နေ့မှာ ဒက်ဘီက ရှေ့ရေးအတွက် ဒီဂရီတစ်ခုယူဖို့ အဝေးတစ်နေရာကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သူမသွားနေတဲ့အချိန်အတွင်း ကလေးကို ပီတာက လာစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါတယ်။ ဒီအစီအစဉ်ကနေ ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေး ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို Reese Witherspoon နဲ့ Ashton Kutcher တို့ အဓိကသရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်ကားမှာ တင်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်