လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး ငွေရှာချင်စိတ် ပြင်းပြခဲ့သူပါ။ အရွယ်ရောက်လာတော့ ဖော်ချွတ်အကမယ်တွေရှိတဲ့ ကလပ်တစ်ခု ဖွင့်ထားပေမယ့် လုပ်ငန်းက မအောင်မြင်ဘဲ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ လူများများလာအောင်ဆိုပြီး အကမယ်တွေရဲ့ ကိုယ်လုံးတီးပုံတွေပါတဲ့ စာစောင်တွေထုတ်ကာ သူ့ကလပ်ကို ကြော်ငြာခဲ့တယ်။ တစ်နေ့မှာ လူတစ်ယောက်က သူနဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ပြီး အဲဒီမဂ္ဂဇင်းကို ဘယ်မှာထပ်ဝယ်ရမလဲလို့ မေးလာပါတယ်။ အဲဒီကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံရသွားတယ်။ အစပိုင်းမှာ အရှုံးကြီးရှုံးခဲ့ပေမယ့် နောက်တော့ အောင်မြင်လာပါတယ်။ အောင်မြင်လာတာနဲ့အမျှ အဲဒီခေတ်က ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းအသိုင်းအဝိုင်းက ကန့်ကွက်ဝေဖန်ကြပြီး တရားစွဲဆိုမှုတွေကြောင့် တရားရုံးအထိ ရောက်လာရတယ်။ ဒီအတ္ထုပ္ပတ္တိဒရာမာက လယ်ရီရဲ့ ဘဝဆယ်စုနှစ်သုံးခုအတွင်း အနိမ့်အမြင့်တွေကို တင်ဆက်ထားပါတယ်။ မမျှော်လင့်ဘဲ ရောက်လာတဲ့ အရှုပ်အထွေးတွေရှိသလို သူကိုယ်တိုင် သွားရှာမိတဲ့ ပြဿနာတွေလည်း ရှိတယ်။ သူမှန်တယ်ထင်တာကို တဇွတ်ထိုးလုပ်တတ်တဲ့ လယ်ရီက လိင်စိတ်ကူးယဉ်မှုဆိုင်ရာ လွတ်လပ်ခွင့်အတွက် ရင်ဆိုင်နေသူလည်း ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဂျယ်ရီဖာဝဲလ်ကို သရော်စာရေးခဲ့တဲ့ကိစ္စမှာတော့ ဗဟိုတရားရုံးအထိ တရားရင်ဆိုင်ခဲ့ရပါတယ်။
ဇာတ်ကားကြည့်ရန်