Love Potion No. 9 (1992) IMDb Rating (5.7) / Rotten Tomatoes (25%) သိပ္ပံပညာရှင် နှစ်ယောက်က အချစ်ကို သိပ္ပံနည်းကျ စမ်းသပ်လုပ်ယူဖို့ ကြိုးစားရာကနေ တကယ့်အချစ်ဆိုတာ ဖော်မြူလာတွေနဲ့ တိုင်းတာဖန်တီးလို့ မရဘူးဆိုတာကို ရိုက်ပြထားပြီး မင်းသမီးကြီး Sandra Bullock ရဲ့ နုပျိုစဉ်က အလှအပနဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမယ့် Fantasy Romantic Comedy ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ ဆက်ဆံရေးမှာ အမြဲတမ်း အဆင်မပြေဖြစ်ပြီး ညံ့ဖျင်းလွန်းတဲ့ ဇီဝဗေဒပညာရှင် Paul Matthews အကြောင်းပါ။ သူဟာ ကံကောင်းချင်တော့ ဗေဒင်ဆရာမတစ်ယောက်ဆီကနေ "Love Potion No. 8" ဆိုတဲ့ ဆန်းကြယ်တဲ့ ဆေးရည်တစ်မျိုးကို ရရှိခဲ့ပါတယ်။ ဒီဆေးရည်ကို သုံးစွဲထားသူဟာ စကားပြောလိုက်တာနဲ့ တစ်ဖက်လူက သူ့အပေါ် အရူးအမူး ဖြစ်သွားစေမဲ့ ပီယရွှင်ဆေးပါ။ Paul ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စာဂျပိုးမလေး Diane Farrow (Sandra Bullock) နဲ့အတူ ဒီဆေးရည်ကို ကိုယ်တိုင်စမ်းသပ်ရင်း သူတို့နှစ်ယောက်စလုံးဟာ အရင်က မရရှိခဲ့ဖူးတဲ့ ဆွဲဆောင်မှုတွေကို ပိုင်ဆိုင်လာကြပါတယ်။ ဒါပေမဲ့ ဒီဆေးရည်ကြောင့် ရလာတဲ့ အချစ်တွေက တကယ့်အစစ်အမှန်လား၊ ပြီးတော့ ဒီဆေးရည်ကြောင့်ပဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး ဘယ်လိုရှုပ်ထွေးကုန်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေရင်းကြည့်ရှုဖို့အကောင်းဆုံး စိတ်ကူးယဉ်ဒရမ်မာရုပ်ရှင်လေးဖြစ်ပါတယ်။ File size… (3.7 GB) / (1.9 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Fantasy,Romance Duration…. 01:36:46 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်