1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသော James McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကို စိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီး ဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့ စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်... ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သော ရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့် အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်.... သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့ လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသော နာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသော ကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ် စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင် ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကို အနိုင်ယူကာ ကိုယ်ရည်သွေး စိတ်များ အချိန်အတိုင်းတာ တစ်ခုစီ အလှည့်ကျ ထွက်ပေါ်ခဲ့ပါတော့တယ်.... တစ်ရက်မှာတော့ ကယ်ဗင် ရဲ့ မသိစိတ် အတွင်းမှ ဒင်းနစ် ထွက်ပေါ်ခဲ့ပြီး ကေစီ နှင့် သူငယ်ချင်း မိန်းကလေး ၂ ဦးကို ဖမ်းခေါ်၍ အခန်းတစ်ခုအတွင်း သော့ခတ်ထားခဲ့ပါတော့တယ်... ထို ၃ ဦးသည် ဟစ်ဝတ် ၊ ပတ်ထရစ်ရှာ ၊ ဒင်းနစ် တို့ အပြင် ကိုယ်ရည်သွေး ပုံစံ တစ်ခုစီ ဖြင့်ဆက်ဆံရမည်ဖြစ်ပြီး မည်သို့ မည်ပုံ လွတ်မြောက်အောင် ကြိုးစားမည် ဆိုသည်ကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူများကတော့ Nyi Than Lwin နှင့် Tariq L Walker တို့ဖြစ်ပါတယ်... File size… 4 GB / 877 MB/ 604 MB Quality… BluRay 4K HEVC / 1080p / 720p Format… mp4 Duration…. 1h 57m Genre ..... Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nyi Than Lwin & Tariq L Walker
ဇာတ်ကားကြည့်ရန်