Holiday Touchdown: A Bills Love Story (2025) ဒီ ခရစ္စမတ်အားလပ်ရက်လေးမှာ ပိတ်ရက်နောက်ခံပါတဲ့ဇာတ်လမ်းလေးလည်းကြည့်ချင်တယ်၊ ရိုမန်တစ် ဒရာမာဆန်ဆန် မိသားစုကားကိုလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကတော့ ကွက်တိပါပဲ။ ဇာတ်လမ်းနောက်ခံ ဒီဇာတ်လမ်းကိုတော့ ကွင်းစ်နဲ့ ဒီလူးကတ်စ်ဆိုတဲ့ နှစ်ဆယ်နဲ့ချီ ဘေးချင်းကပ်နေထိုင်ကြတဲ့ မိသားစုနှစ်စုအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သူတို့မိသားစုနှစ်ခုဟာ ဘယ်ဖလိုဘေလ်ဆိုတဲ့ အမေရိကန်ဘောလုံးအသင်းကို အသည်းအသန်အားပေးကြတဲ့ အမာခံပရိသတ်မိသားစုဖြစ်ပါတယ်။ အဲဒီမှာမှ မော်ဂန်ကွင်းစ်နဲ့ ဂေ့ဘ်ဒီလူကာတို့က ငယ်စဉ်ကတည်းက သိပြီး မိသားစုသဖွယ် အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ မော်ဂန်ဟာ ဆေးရုံတစ်ခုမှာ ကလေးအထုကုဆရာဝန်တစ်ဦးဖြစ်ပြီး ဂေ့ဘ်ကတော့ ဘယ်ဖလိုအသင်းရဲ့ အသင်းဖွံ့ဖြိုးရေးဥက္ကဌအနေနဲ့ ဦးဆောင်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဂေ့ဘ်ဟာ မော်ဂန့်ကို အမြဲတမ်း သူငယ်ချင်းထက် စိတ်ပိုနေခဲ့တာကို နှစ်ဖက်လူကြီးမိဘတွေ သူငယ်ချင်းတွေက သတိထားမိကြပေမယ့် မော်ဂန်ကလည်းမရိပ်မိတာတစ်ကြောင်း အလုပ်အကိုင်ကြောင့်လည်းတစ်ကြောင်း အခွင့်အခါမသင့်တာနဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့်မတက်ဖြစ်ကြပါဘူး။ ဒါပေမဲ့ ခရစ္စမတ်ရာသီရောက်လာတဲ့အချိန်မှာ မော်ဂန့်ရဲ့ ခေါင်းကိုင်ဖခင်လည်းဖြစ်သူ ဦးလေးတွမ်မီရဲ့ ပဟေဠိကိစ္စတစ်ခုကိုဖြေရှင်းဖို့အကြောင်းဖန်လာမှ နှစ်ဦးဟာတဖြည်းဖြည်းနဲ့ နီးစပ်လာပါတော့တယ်။ File size… (2.4 GB) / (950 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Family, Romance Duration…. 01:27:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်