ကဲ အချိန်ခရီးသွားဇာတ်ကားတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် အချိန်ခရီးသွားဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ ။ ဒီဇာတ်ကားလေးက တခြားအချိန်ခရီးသွားကားတွေလို အနာဂတ်ကိုသွားတာမဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်းအတိတ်ကိုပြန်သွားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ရှင် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ - ဟောင်ကောင်နည်းပညာကုမ္ပဏီတစ်ခုကနေ အချိန်ခရီးသွားစက်တစ်ခုကိုတီထွင်ခဲ့ပြီး တရုတ်ပြည်တစ်နိုင်ငံလုံးကိုစုစည်းခဲ့ ချင်ရှီဘုရင်ခေတ်ကိုပြန်သွားပြီး သမိုင်းကိုသက်ေသယူဖို့အတွက် သူတို့ရဲ့အထူးအေ့ဂျင့်ရှန်ရှောက်လုံကို လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ကျော်ကိုစေလွှတ်ခဲ့ပါတယ် ။ ဒါပေမဲ့ မတော်တဆချင်ဘုရင်ဖြစ်လာမဲ့တကယ့်ရင်ကျန်းကစောစောသေဆုံးသွားပြီး သမိုင်းမပြောင်းလဲသွားရအောင် ရှောက်လုံတစ်ယောက်ကျောက်ဖန်ဆိုတဲ့ လူငယ်လေးကိုချင်ဘုရင်ဖြစ်လာအောင်ပျိုးထောင်ပေးခဲ့ပါတော့တယ် ။ ဒီလိုနဲ့အတိတ်ကိုလွှတ်လိုက်တဲ့သူကပြန်မလာတဲ့အခါ ဟောင်ကောင်မှာလည်း ပြဿနာတွေတတ်လာပြီးတော့ နှစ်၂၀လောက်အကြာမှာ နောက်ထပ်တပ်ဖွဲ့တစ်ခုကို ကုမ္ပဏီကနေ ထပ်ပြီးစေလွှတ်လိုက်တဲ့အခါမှာတော့.... သူတို့လွှတ်လိုက်တဲ့တပ်ဖွဲ့က ရည်ရွယ်ချက်ကောင်းတွေရှိနေမလား ဒါမှမဟုတ် တခြားမကောင်းတဲ့ရည်ရွယ်ချက်နဲ့ဘာတွေလုပ်ကြအုံးမလဲ ရှောက်လုံကရော သူပျိုးထောင်ခဲ့တဲ့ချင်ဘုရင်ကိုကာကွယ်ပေးမလား ဒါမှမဟုတ် ဟောင်ကောင်ကိုပဲပြန်သွားဖို့လုပ်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရမှာဖြစ်လို့ခုပဲကြည့်လိုက်ပါတော့နော် Filesize : 1.69 GB / 961 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Science Fiction, Action, and Comedy Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်