ဟာရိုးခရစ်ခ်ဟာ IRS က စာရင်းစစ်တစ်ယောက်ပါ။ သူ့ဘဝက နေ့တိုင်း ပုံသေစည်းချက်အတိုင်း လည်ပတ်နေပြီး ထူးခြားတာဆိုလို့ ဘာမှမရှိဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူလုပ်သမျှကို ဇာတ်ကြောင်းပြန်ပြောနေတဲ့ အသံတစ်သံ ကြားလာရပါတယ်။ ပိုတုန်လှုပ်စရာက အဲဒီအသံဟာ သူ မကြာခင် သေတော့မယ်လို့ ပြောလိုက်တာပါပဲ။ ဟာရိုးက သူဟာ ဇာတ်လမ်းတစ်ပုဒ်ထဲ ရောက်နေပြီဆိုတာ သဘောပေါက်သွားတယ်။ ဒါက ဟာသဇာတ်လမ်းလား၊ အလွမ်းဇာတ်လမ်းလားဆိုတာတော့ မသိသေးဘူး။ ဘယ်လိုဇာတ်လမ်းပဲဖြစ်ဖြစ် သူ့ကို သေစေမယ့် ဇာတ်သိမ်းကို ပြောင်းနိုင်ဖို့ စာရေးဆရာကို ရှာရတော့မှာပါ။ ဒါပေမဲ့ သူ့အကြောင်း ရေးနေသူက အဓိကဇာတ်ကောင်တွေကို သေဆုံးခြင်းနဲ့ အဆုံးသတ်ပေးလေ့ရှိတဲ့ ကာရန်အိုက်ဖယ်လ် ဖြစ်နေပါတယ်။ သူ့ဘဝလည်း အလွမ်းဇာတ်ဖြစ်တော့မယ်လို့ ယူဆထားတဲ့ ဟာရိုးက ကျန်တဲ့အချိန်တွေမှာ ကိုယ်ရှင်သန်ချင်သလို အတတ်နိုင်ဆုံး နေထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ ဘယ်လောက်ကြိုးစားကြိုးစား ကြားထားရတဲ့ ဇာတ်သိမ်းအတိုင်းပဲ ဖြစ်လာမှာလား။ စာရေးဆရာက စိတ်ပြောင်းပြီး သူ့ကို အသက်ရှင်ခွင့်ပေးပါ့မလား။
ဇာတ်ကားကြည့်ရန်