★ 6.5
ဇာတ်ကား / 2022See How They Run
လန်ဒန်က ပြဇာတ်ရုံကြီးတစ်ခုမှာ အက်ဂ်သာခရစ္စတင်းရဲ့ ကြွက်ထောင်ချောက်ဆိုတဲ့ လူသတ်ပဟေဠိပြဇာတ်ကို ကပြနေပါတယ်။ ပြဇာတ်က အောင်မြင်လွန်းလို့ အကြိမ်တစ်ရာလောက် ပြန်လည်ကပြထားရတဲ့အထိပါပဲ။ အဲဒီပြဇာတ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးချင်တဲ့ အမေရိကန်ဒါရိုက်တာတစ်ယောက်နဲ့ ပရိုဂျူဆာတစ်ယောက်လည်း ပြဇာတ်ရုံကို ရောက်လာကြပါတယ်။ ပြဇာတ်စာရေးဆရာမ၊ ဇာတ်ညွှန်းဆရာ၊ မင်းသားနဲ့ လူမျိုးစုံ ရှိနေချိန်မှာ သူတို့ထဲက တစ်ယောက် အသတ်ခံလိုက်ရတယ်။ ဒီအမှုကို စုံထောက်ကြီး စတော့ပတ်နဲ့ ရဲမေ ကော့တာတို့ လာရောက်စုံစမ်းကြပါတယ်။ သံသယရှိသူတွေကြား လူသတ်သမားကို ရှာဖွေရင်း သူတို့နှစ်ယောက် ဘယ်လိုအလွဲတွေ ကြုံရဦးမလဲ။ လူသတ်ပဟေဠိထဲမှာ ဗြိတိန်ဟာသတွေ ရောစပ်ထားပြီး ဇာတ်ကောင်တွေရဲ့ ဗြိတိန်လေသံကိုလည်း ကြားရမယ့်ကားပါ။
ဇာတ်ကားကြည့်ရန်