Chicken Run(2000) IMDb - 7.0/10 Rotten - 97% Chicken Run ဆိုတဲ့ ၂၀၀၀ ခုနှစ်က DreamWorks ရဲ့ Animation တစ်ကားကို တစ်ခေါက်ပြန်ကြည့်မိတယ် ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ခံစားမှုလိုပဲ ပြန်ခံစားရတုန်းပဲ ဇတ်လမ်းပုံစံက တွီဒီလို့ ခေါ်တဲ့ မွေးမြူရေး ကြက်ခြံက ငရဲခံနေရတဲ့ ဥ ဥပေးရတဲ့ ကြက်မတွေ အကြောင်းပေါ့ အဲ့ဒီကြက်ခြံကနေ ထွက်ပြေးဖို့အမြဲကြံနေတာက ဂျင်ဂျာ ဆိုတဲ့ ကြက််မနဲ့ သူ့ရဲ့ သူငယ်ချင်း တစ်စုပေါ့ဂျင်ဂျာကတော့ လွတ်မြောက်နယ်မြေရှိမယ်လို့ အမြဲယုံကြည်နေသူ တစ်ဦးပေါ့ သူ့စိတ်ကူးကို သူငယ်ချင်းတွေက အမြဲ အကောင်အထည်ဖော်ပေးရတယ် ထွက်ပြေးဖို့နည်းလမ်းတွေ ဆွဲကြတယ် ပြေးတိုင်းလဲ ပြန်မိတယ် အဖမ်းခံရတယ် ပိုင်ရှင် လင်မယားဟာ ကြက်တွေကို မဝရေစာ ကျွေးမွေးပြီး ဥ ဥတဲ့ နှုန်းထားကိုလဲ အမြင့်ဆုံးလိုချင်ကြပါသေးတယ် အပတ်တိုင်း ကြက်ခြံကို ဝင်စစ်လေ့ရှိပြီး တစ်ပတ်တာ အတွင်း ဥ တာ နည်းတဲ့ ကြက်မ အတွက်တော့ နားရက်ရသွားတာပါပဲ နားရက်ရတယ်ဆိုတာ ကြက်စွပ်ပြုတ် ဖြစ်သွားတာမျိုးပေါ့ နောက်ဆုံး ပလန်တွေ အလုပ်မဖြစ်လို့ လက်လျှော့ အရှူံးပေးတော့မယ်စဥ်းစားနေတဲ့ ဂျင်ဂျာ အတွက် မျှော်လင့်ချက် အလင်းရောင်က တစ်ညမှာ တွီဒီ ကြက်ခြံထဲကို ကြက်ဖ တစ်ကောင် မိုးပေါ်ကနေပျံပြီး ဝင်လာတာပါပဲ ကြက်ဖ နာမည်က ရော်ကီ တဲ့ ဂျင်ဂျာ ဘဝ မှာ ပျံနိုင်တဲ့ ကြက်ကို တွေ့ပြီး သူမ တို့ကိုပါ အပျံသင်ပေးဖို့ ရော်ကီကို စည်းလုံးတော့တာပါပဲ ဒီဇတ်လမ်း တစ်ခုလုံးဟာ ရယ်လဲ ရယ်ရ မိုတီဗိတ်လဲ ရပါတယ် အားငယ်နေချိန် စိတ်ပျက်နေချိန်အတွက် စိတ်ဖြေဆေး တစ်ခွက်ပါပဲ အညွှန်းကတော့ Thit San Khant ဖြစ်ပြီးတော့ Quality…..BluRay 1080p Duration…..01:24:00 Format…Mp4 File Size…(1.3 GB) Encoder…..Thit San Khant Translator…..Htet Htet Tin Zar
ဇာတ်ကားကြည့်ရန်