၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းက ရုပ်မြင်သံကြား ဖန်သားပြင်တွေရှေ့မှာ ပရိသတ်တွေကို အထိုင်မထ ကြည့်ရှုစေခဲ့ပြီး သိုင်းလောကရဲ့ အမိုက်စား ဇာတ်လမ်းတွဲတွေထဲက တစ်တွဲဖြစ်တဲ့ ငယ်ဘဝအမှတ်တရ ဂန္ထဝင်သိုင်းစီးရီးကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် "Wind and Cloud" (သိုင်းလောကမုန်တိုင်း) ဆိုတဲ့ Classic Wuxia စီးရီးပဲ ဖြစ်ပါတယ်။ တရုတ်စာရေးဆရာ Ma Wing-shing ရဲ့ နာမည်ကြီး ကာတွန်းကို အသက်ဝင်ဆုံး ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး၊ ဇာတ်ကားထဲမှာ ပုကျင်းယွင်အဖြစ် Peter Ho၊ နျဲ့ဖုန်း အဖြစ် Vincent Zhao နဲ့ ရှုံပါ့ (Xiong Ba) အဖြစ် သရုပ်ဆောင်ကြီး Sonny Chiba တို့က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ သိုင်းလောကတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ချင်နေတဲ့ ထျန်းရှဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရှုံပါ့ဟာ တစ်နေ့မှာတော့ သူ့ရဲ့ကံကြမ္မာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ဟောကိန်းတစ်ခုကို ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ "လေနဲ့ တိမ်ကို ပိုင်ဆိုင်ရင် သိုင်းလောကကို စိုးမိုးနိုင်မယ်" ဆိုတဲ့ ဟောကိန်းပါပဲ။ ဒါကြောင့် ရှုံပါ့ ဟာ အဲဒီဟောကိန်းအတိုင်း မွေးရာပါ ပါရမီရှင် ကလေးနှစ်ယောက်ဖြစ်တဲ့ 'နျဲ့ဖုန်း' နဲ့ 'ပုကျင်းယွင်' တို့ရဲ့ မိသားစုတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကလေးနှစ်ယောက်ကို သူ့ရဲ့ တပည့်ရင်းတွေအဖြစ် မွေးစားကာ သိုင်းပညာတွေ သင်ပေးခဲ့ပါတယ်။ အချိန်တွေကြာလာတဲ့အခါ နျဲ့ဖုန်း နဲ့ ပုကျင်းယွင် တို့ဟာ သိုင်းလောကမှာ ပြိုင်စံရှား သူရဲကောင်းတွေ ဖြစ်လာပြီး ရှုံးပါ ရဲ့ အင်ပါယာကြီးကို အကျယ်ပြန့်ဆုံးဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရှုံပါ့ ရဲ့ နောက်ထပ်ကံကြမ္မာ ဟောကိန်းတစ်ခုက ထပ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ "လေနဲ့ တိမ် ကြောင့် အောင်မြင်ခဲ့သလို၊ လေနဲ့ တိမ်ကြောင့်ပဲ ပြန်လည်ပျက်စီးရလိမ့်မယ်" ဆိုတာပါပဲ။ ဒီဟောကိန်းကို ကြောက်လန့်သွားတဲ့ ရှုံပါ့ ဟာ သူ့တပည့်နှစ်ယောက်ကို အချင်းချင်း ရန်တိုက်ပေးပြီး ဖယ်ရှားဖို့ ကြိုးစားပါတော့တယ်။ ဒီအတွက် အရမ်းလှပတဲ့ မိန်းကလေး ခုံချီကို အသုံးချပြီး သူတို့ကြားမှာ အချစ်ရေး အရှုပ်အထွေးတွေ ဖန်တီးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်မိသားစုကို သတ်ခဲ့တဲ့ ရန်သူက ကိုယ့်ဆရာဖြစ်နေမှန်း သိသွားတဲ့ လေ နဲ့ တိမ် ညီနောင်နှစ်ယောက်၊ သူတို့ကို ပြန်လည်သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ ရှုံပါ့ တို့ရဲ့ အားပြိုင်မှုတွေ၊ သိုင်းလောကရဲ့ သွေးစွန်းတဲ့ တိုက်ပွဲတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ Total Episode : 44 Quality : WEB-DL 1080p HEVC Format : mkv Genres : Action , Drama , Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်