ဧကရာဇ်ရဲ့ အတိုင်ပင်ခံ ဂီးဇာမော့တ်ဟာ အာဏာကို ကိုယ်ကျိုးအတွက် အသုံးချနေသူပါ။ သူက သူကောင်းမျိုးတွေဆီက လက်ဆောင်ပဏ္ဏာတွေ အတင်းတောင်းယူသလို ပြည်သူတွေဆီကလည်း အခွန်တွေ အဆမတန် ကောက်ခံနေတယ်။ သူကောင်းမျိုးတွေကတော့ ဂီးဇာမော့တ်နဲ့ အဆင်ပြေမှ အခွင့်အရေးရမှာမို့ ဒီမတရားမှုတွေကို မြင်လျက်နဲ့ ငြိမ်နေကြပါတယ်။ တစ်နေ့မှာ လော့ဒ်ဘားတော့ခ်ကို အကြောင်းပြချက်တစ်ခုနဲ့ မြို့တော်ဆီ ဆင့်ခေါ်ပြီး လာဘ်တောင်းလာပါတယ်။ ဘားတော့ခ်ကတော့ ခေါင်းငုံ့မခံဘဲ တောင်းဆိုချက်တွေကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်လိုက်တယ်။ ဒီလိုခုခံလိုက်တဲ့အတွက် သူ့အသက်ကိုပါ ပေးရမယ့် ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဘားတော့ခ်ရဲ့ တပ်မှူးရေဒင်နဲ့ နောက်လိုက်တွေက သခင့်နာမည်ကို ပြန်အဖတ်ဆယ်ဖို့ ဘာတွေလုပ်ကြမလဲ၊ မတရားမှုကိုရော အောင်အောင်မြင်မြင် တွန်းလှန်နိုင်ကြပါ့မလား။ မြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားအကြောင်းကို စကားပြောခန်းတွေနဲ့အတူ ပုံဖော်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်