Suits LA (2025) Season 01 (complete) ဒီစီးရီးကတော့ နာမည်ကြီး ရှေ့နေစီးရီးကြီးဖြစ်တဲ့ Suits ကနေ ခွဲထွက်သွားတာပါ။ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေ မပတ်သတ်ပေမဲ့ Suits World တစ်ခုတည်းဖြစ်ကြောင်း အတည်ပြုထားပါတယ်။ နောက်ပိုင်းမှာ crossover တွေ ပါလာနိုင်ပါတယ်။ ဟာဗေစပက်တာလည်း ဧည့်သည်အဖြစ်လာဖို့ရှိပါမယ်။ ဒီစီးရီးအဓိက မင်းသားကတော့ Arrow စီးရီးနဲ့ လူတိုင်းသိလာတယ် Stephen Amell ပါပဲ။ သူကတော့ ဟာဗေစပက်တာလိုမျိုးပဲ အရှုံးမရှိတဲ့ ရှေ့နေမျိုးပေါ့။ မိုက်ခ်လို ဉာဏ်ကြီးရှင် ဇာတ်ကောင်မျိုးတော့ မပါသေးပါဘူး။ နောက်ပြီး အယ်လ်အေမှာဆိုတော့ ဟောလိဝုဒ် အမှုတွေ အတော်များများပါပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ရှေ့နေ ကုမ္ပဏီဦးစီးဖြစ်တဲ့ တက်ဒ်ဟာ အရမ်းတော်ပေမဲ့ ရာဇဝတ်မှုကြီးတွေကို တရားပြိုင်က ဘယ်တော့မှမလိုက်ပါဘူး။ တရားခံတွေကို အမှုလိုက်ပေးရတာအရမ်းမုန်းတဲ့လူပါ။ ရှေ့နေကုမ္ပဏီကြီးမထောင်ခင်ခဲ့လည်း ခရိုင်ရှေ့နေလုပ်ခဲ့ပြီး လူဆိုးတွေကိုပဲ ထောင်ထဲထည့်ဖို့ အမြဲကြိုးစားနေတဲ့သူပါ။ ဒါပေမဲ့ ပြဿနာတစ်ခုကြောင့် အယ်လ်အေကိုပြောင်းလာပြီး အောင်မြင်တဲ့ ရှေ့နေ ကုမ္ပဏီကြီးတစ်ခုကို ဦးစီးနေပါတယ်။ အဲဒီနောက်မှာတော့ သူတို့ရှေ့နေကုမ္ပဏီကို ပြုတ်တဲ့အထိ တိုက်ခိုက်လာမဲ့ ရှေ့နေအားပြိုင်မှုတွေနဲ့ ခက်ခဲတဲ့အမှုတွေကြားမှာ ဘယ်လို ဆက်ရုန်းကန်သွားမလဲ ကြည့်ရမှာပါ။ အပိုင်း ၁ အရတော့ မူရင်း Suits ကို မီနိုင်ချေမရှိပါဘူး။ တစ်ပတ်တစ်ပိုင်းဆိုတော့ စီစန် ၁ အပြီးလောက်မှာပဲ ဘယ်အဆင့်ထိ မီနိုင်မလဲ ဆက်ကြည့်ရမှာပါပဲ။ File size…(676 MB)/(344 MB) Quality….Web-Dl 1080p HEVC / 720p Format…mkv / mp4 Duration….00:52:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet, Benjamin Translated by Mr. Anderson, Thiha Yan Naing
ဇာတ်ကားကြည့်ရန်