ဒီတစ်ခါတော့ Historical ပုံစံကိုမှ လျှို့ဝှက်သည်းဖိုဇာတ်အိမ်နဲ့ရိုက်ကူးထားတဲ့ နန်းမြေစီးရီးသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားမှာ Wu Zhou မင်းဆက်က ထူးဆန်းထွေလာဖြစ်ရပ်တွေကို စိတ်လှုပ်ရှားဖွယ်အဖြေရှာရင်း ကြည့်ရမှာပါ။ ဇာတ်ဆောင်တွေအဖြစ် ဝါရင့်မင်းသား Feng Shao Feng က ဦးဆောင်ထားပြီး Li Yu၊ Shao Yun နဲ့ Nick Shan တို့က MC တွေအဖြစ် ထပ်မံပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဧကရီဘုရင်မကြီး ဝူကျီထျန်းရဲ့လုပ်ရပ်တွေအပေါ်စိတ်ပျက်သွားတဲ့ စုံထောက်ကြီးတိရန်ကျဲဟာ မြို့တော်ကနေထွက်ခွာပြီး ကျန်းနန်ဘက်မှာဖြစ်ပွားနေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ရောက်လာခဲ့ပါတယ်။ အဲလိုစုံစမ်းရင်း အပေါ်ယံမှာတော့ အင်ပါယာကြီးက အရမ်းစည်ကားပြီး သာယာဝပြောနေပုံရပေမဲ့ နောက်ကွယ်မှာတော့ မှောင်မိုက်တဲ့အင်အားစုတွေနဲ့ အန္တရာယ်များတဲ့ကြံစည်မှုကြီးတွေရှိနေမှန်း သိလိုက်ရပါတော့တယ်။ တိရန်ကျဲဟာ ထက်မြက်လှတဲ့ဉာဏ်ပညာကို အသုံးချပြီး လူတွေရဲ့လောဘဇောကြောင့် ဖြစ်လာတဲ့အမှုတွေနဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေရောထွေးနေတဲ့ လျှို့ဝှက်ဆန်းကြယ်အမှုပေါင်းများစွာကို တစ်ခုပြီးတစ်ခု အဖြေရှာဖော်ထုတ်ရပါတော့တယ်။ ဒီစီးရီးရဲ့အဓိကဇာတ်ကောင်က တရုတ်ပြည်ရဲ့ရှားလော့ဟုမ်းလို့တင်စားရမယ့် တိရန်ကျဲရဲ့စုံထောက်ဇာတ်လမ်းဖြစ်လို့ Plot အကွက်စိပ်စိပ်နဲ့ သဘာဝလွန်အမှုတွေကို ကြည့်ရမှာပါ။ သဘာဝလွန်ထူးဆန်းတာတွေကိုအသုံးချပြီး နောက်ကွယ်ကနေ တိုင်းပြည်ကိုခြယ်လှယ်ချင်တဲ့သူတွေကို တိရန်ကျဲက ဉာဏ်နဲ့ ဘယ်လို ခွဲထုတ်မလဲဆိုတာက တကယ်ကိုစိတ်လှုပ်ရှားစရာမို့ အမှုလိုက်ကားတွေ၊ ဦးနှောက်ကုန်ရတာကြိုက်သူတွေအတွက် တကယ်ကိုကြည့်သင့်သောပါပဲနော်။ Total Episodes : 25 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်