Our Dead Husband (2026) "Our Dead Husband" (2026) ရုပ်ရှင်ကားက Mystery Thriller အမျိုးအစားဆိုတော့ ဇာတ်လမ်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းအစမှာ Kris ဆိုတဲ့ အမျိုးသမီးက သူ့ခင်ပွန်း Ritchieကို အိမ်ထဲမှာ သေနတ်ဒဏ်ရာနဲ့ သေနေတာကို တွေ့လိုက်ရတာကနေ စတာပဲ။ Kris က သူ့ယောက်ျားကို နိုင်ငံတော်အဆင့် ထောက်လှမ်းရေးအလုပ်တွေ လုပ်နေတယ်လို့ပဲ ထင်ထားတာ။ ဒါပေမဲ့ သေပြီးမှ စုံစမ်းကြည့်တော့မှ သူ့ယောက်ျားက လိမ်နေခဲ့တာ။ တကယ်တော့ Ritchie က တခြားမြို့မှာ နောက်မိန်းမတစ်ယောက်နဲ့ နောက်ထပ်မိသားစုတစ်ခုကို လျှို့ဝှက်ပြီး တည်ထောင်ထားတာပါ။ ရဲတွေကလည်း လူသတ်မှုကို စုံစမ်းရင်းနဲ့ Kris ကိုပဲ တရားခံလို့ သံသယဝင်လာကြတယ်။ Kris က သူ့အပြစ်မရှိကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့မှ သူ့ယောက်ျားရဲ့ ဒုတိယမိန်းမဖြစ်သူ Jennifer နဲ့ သွားဆုံပါလေရော။ အစပိုင်းမှာတော့ မိန်းမနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မယုံကြဘူးပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ Kris ရဲ့ အသက်ကိုပါ ရန်ရှာလာတဲ့အခါမှာတော့ သူတို့နှစ်ယောက် ပူးပေါင်းပြီး တကယ့်လူသတ်သမားက ဘယ်သူလဲဆိုတာကို လိုက်စုံစမ်းကြရတော့တာပဲ။ ဒီကားက ခင်ပွန်းဖြစ်သူရဲ့ လိမ်ညာမှုတွေနဲ့ လျှို့ဝှက်ဘဝတွေကို တစ်စထက်တစ်စ ဖော်ထုတ်သွားတဲ့နေရာမှာ တော်တော်လေး ရင်ခုန်ဖို့ကောင်းပါတယ်။ ကိုယ့်ယောက်ျားကို ကိုယ်တကယ်ရော သိရဲ့လားဆိုတဲ့ မေးခွန်းကို ပရိသတ်ကို ပေးသွားတဲ့ကားမျိုးပေါ့။ File Size - 1.7 GB/ 884 MB Quality - WEB-DL 1080p/ 720p Duration - 1h 27m Format - mp4 Genre - Mystery, Thriller,TV Movie Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်