ကံကြမ္မာကို ကိုယ့်လက်နဲ့ကိုယ် စတေးလိုက်မိတဲ့အခါ... အဲဒီအတွက်ပေးဆပ်ရမယ့် အဖိုးအခက ဘယ်အချိန်မှာ ရပ်တန့်သွားမလဲ...မိသားစုသံယောဇဉ်ကိုတောင် ယဇ်ပူဇော်ပြီး ကံကြမ္မာနဲ့ လဲလှယ်ခဲ့တဲ့ အပေးအယူတစ်ခုက သူတို့ဘဝကို ပြန်လည်ကောင်းမွန်လာစေမှာလား... ဒါမှမဟုတ် ပြန်လည်လွတ်မြောက်ဖို့မရှိတော့တဲ့ အမှောင်ထဲကို ဆွဲခေါ်သွားမှာလား... သွေးနဲ့ပေးဆပ်တဲ့ ယဇ်ပူဇော်မှု စတင်လာတဲ့အခါ ဘယ်သူကမှ ဒီကံဆိုးမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး လောင်းကစားအကြွေးတွေနဲ့ နစ်မွန်းနေတဲ့ ဖခင် ကျန်းခိုင်ဟာ အကြွေးရှင်တွေရဲ့ လိုက်လံဖိအားပေးမှုကနေ လွတ်မြောက်ဖို့ မိသားစုခုနစ်ယောက်လုံးနဲ့ အလျင်အမြန် အိမ်ပြောင်းလာခဲ့ပါတယ်… ဒါပေမဲ့ အကြွေးပြဿနာက မပြေလည်သေးတဲ့အတွက် နောက်ဆုံးမှာတော့ ငွေရဖို့အတွက် သူငယ်စဉ်က ယုံကြည်ခဲ့ဖူးတဲ့ တားမြစ်ထားသော အစွမ်းနည်းလမ်းတစ်ခုကို ပြန်လည် အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်ဒီတစ်ကြိမ်မှာတော့ သူပေးဆပ်ရမဲ့ အရာက သူ့ကိုယ်ပိုင်အသက် မဟုတ်ဘဲ... သူ့ရဲ့သားငယ်ရဲ့ ကံကြမ္မာဖြစ်နေပါတယ်…သားငယ်ရဲ့ ကံကို စတေးပြီး ငွေကြေးနဲ့ ကံကောင်းခြင်းကို ရယူနိုင်ခဲ့ပေမဲ့ ငွေဝင်လာပြီး မကြာခင်မှာပဲ မိသားစုတစ်ခုလုံးအပေါ် ထူးဆန်းတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတယ် အဲဒီအချိန်မှာ သရဲနဲ့ ဝိညာဉ်ဆိုင်ရာအရာတွေကို ရင်းနှီးတဲ့ရှောင်ထော့က ဝင်ရောက်ကူညီဖို့ ကြိုးစားလာပါတယ်…ဒါပေမဲ့ ဒီအဖြစ်အပျက်ဟာ ရိုးရိုးအမင်္ဂလာတစ်ခု မဟုတ်ဘဲ သွေးနဲ့ပေးဆပ်ထားတဲ့ ကျိန်စာနောက်ကွယ်မှာ ပိုမိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေမှန်း သူတို့ သိလာရပါတယ်ငွေကြေးအတွက် ကိုယ့်သားသမီးရဲ့ ကံကြမ္မာကိုတောင် စတေးခဲ့တဲ့ ဖခင်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ... ဒီသွေးကျိန်စာရဲ့ နောက်ကွယ်မှာ တကယ်ရှိနေတာက ဘာလဲ... နောက်ဆုံးမှာ မိသားစုတစ်ခုလုံး ဘယ်လိုလွတ်မြောက်ကြမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင် Filesize : 941 MB / 511 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Horror Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်