Molly's Game (2017) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးမှာဆိုရင် Jessica Chastain၊ Idris Elba၊ Jeremy Strong စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Crime အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့်တွေ စီးပွားရေးပညာရှင်တွေ အားကစားသမားတွေ ဝင်ရောက် ကစားခဲ့တဲ့ပိုကာဝိုင်းတွေကို အသက် ၂၆နှစ်အရွယ်နဲ့ ဦးစီးလုပ်ဆောင်ခဲ့သူ Molly Bloomအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်… ပိုကာဝိုင်းတွေကို ကော်မရှင်ခယူပြီး တရားမဝင်ဦးစီးခဲ့တဲ့အတွက် အစိုးရ ရဲ့တရားစွဲဆိုမှုအပေါ် အရည်အချင်းပြည့်လှတဲ့ရှေ့နေတစ်ဦးနဲ့ပေါင်းကာ တရားရင်ဆိုင်ကြပုံကို ရှုစားကြရမှာပါ… ဇာတ်လမ်းလေးကတော့ .. မော်လီဟာ ထိပ်တန်းနှင်းလျှောစီးအားကစားသမားတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ရဲ့ တင်းကြပ်တဲ့ ကွပ်ကဲမှုအောက်မှာ ဘက်စုံထူးချွန်ခဲ့သူပါ။ သို့သော်လည်း မော်လီတစ်ယောက်ဟာ ပြိုင်ပွဲဝင်နေစဉ်အတွင်း ကြီးမားတဲ့ထိခိုက်မှုကြုံကြိုက်ခဲ့ရပြီးနောက်မှာတော့ ဖခင်လောင်းရိပ်ကနေ ရုန်းထွက်ဖို့ကြိုးစားခဲ့ပါတယ်။ အိမ်ပေါ်ကဆင်းလာတဲ့ မော်လီတစ်ယောက် သူငယ်ချင်းအိမ်မှာနေရင်း အလုပ်လုပ်ရာ နောက်ပိုင်းမှာတော့ ဝင်ငွေများစွာရရှိတဲ့ မြေအောက်ပိုကာကစားပွဲစီစဉ်သူအဖြစ် လုပ်ကိုင်ဖို့ လမ်းစပေါ်လာခဲ့ပါတယ်။ အနုပညာသမား စီးပွားရေးသမား နိုင်ငံရေးသမားများစွာတို့ လာရောက်ကစားတဲ့ ပိုကာပွဲစီစဉ်သူဖြစ်တဲ့အလျောက် ငွေကြေးမြောက်များစွာ အကျိုးအမြတ်ရရှိလာပြီးနောက်မှာတော့ မော်လီတစ်ယောက် တရားမဝင်လောင်းကစားပွဲ စီစဉ်မှုအတွက် အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းစစ်ဆေးမှုခံယူရပါတော့တယ်။ ဒီကားလေးမှာဆိုရင် မော်လီနဲ့ ရှေ့နေ ဂျက်ဖီတို့နှစ်ယောက်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့ ကိုယ်ကျင့်တရားမဖောက်ဖျက်မိဖို့ ကြိုးစားပုံတွေ ပိုကာကစားဝိုင်းရဲ့ နယ်ပယ်မျိုးစုံ ထိပ်တန်းပုဂ္ဂိုလ်အသီးသီးတို့ရဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ ကစားပုံတွေကို သွက်သွက်လက်လက်ကြည့်ရှုရမှာဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။ File size…2.28GB / 906MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 20m Genre ….. True Crime, Biography, Legal Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်