★ 5.6
ဇာတ်ကား / 1996The Nutty Professor
ရှားမန်းဟာ ဉာဏ်ကောင်းပြီး ထူးချွန်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပေမယ့် မျိုးရိုးကြောင့် အဝလွန်နေတာကို စိတ်ဓာတ်ကျနေသူပါ။ သူ့ပညာကို အသုံးချပြီး ဝစေတဲ့ဗီဇကို ပြောင်းလဲပေးနိုင်တဲ့ ဆေးရည်တစ်မျိုး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဆေးရည်ကို သုံးပြီး အရင်က မရခဲ့တဲ့ လေးစားမှုနဲ့ ချစ်ခြင်းမေတ္တာကို ရဖို့ ကြိုးစားလာတယ်။ ဒါပေမယ့် ဆေးရည်မှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာကြောင့် သူမျှော်လင့်ထားသလို မဖြစ်ဘဲ အလွဲလွဲအချော်ချော်တွေ ဖြစ်ကုန်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အချစ်ဟာသဇာတ်ကားဖြစ်ပြီး Eddie Murphy နဲ့အတူ Jada Pinkett၊ James Coburn နဲ့ Dave Chappelle တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်