ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟောင်ကောင်E sport ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောရမယ်ဆိုရင် နာမည်ကြီး esprot အသင်းဟာချန်ပီယံလုပွဲမှာ ရှုံးသွားတာမို့လို့ သူတို့ရဲ့ ကုမ္ပဏီက စာချုပ်ဆက်မချုပ်တော့ဘဲ တက်သစ်စနာမည်ကြီး အသင်းအီးအာကေလာနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ် အဖွဲ့ဟောင်းရဲ့ နာမည်ကျော်ကစားသမား ဆိုလိုကတော့ ဂိမ်းဆော့တာကို လက်လျှော့သေးဘဲ အင်တာနက်ကာဖေးမှာ သွားဆော့ပါတယ် အင်တာနက်ကာဖေးတွေက ခေတ်မရှိတော့တာမို့လို့ ဆိုင်ရှင်တစ်ယောက် အခန်းငှားခမပေးနိုင်ဖြစ်နေတာမို့လို့ ဟောင်ကောင် eSport ပြိုင်ပွဲကိုဝင်ပြိုင်ဖို့အကြံရှိပေမယ့် လူမရှိနေပါဘူး ဒါပေမယ့် သူ့ဆိုင်လေးမှာ အလုပ်ပြုတ်လာတဲ့သူ့သမီးလေး ဖေးဖေးကိုတော့ အလုပ်ခန့်ပေးထားခဲ့ပါတယ် သူ့ဆိုင်မှာ အမြဲဆော့နေကျ အန်တီလန်တို့လင်မယားလည်းရှိပါတယ် အဲ့ဒီဆိုင်ကို ဆိုလိုရောက်လာချိန်မှာ ဖေးဖေးကမှတ်မိသွားတော့ အဖေဖြစ်သူက သူ့ရဲ့ အကြံကိုအကောင်ထည်ဖော်ဖို့ ဆိုလိုနဲ့ by one ဆော့ပြီး သူ့လက်ရည်ကိုပြကာ သူနဲ့အတူ ပြိုင်ပွဲဝင်ဖို့ မြူဆွယ်လိုက်ပါတယ် အဲ့ကနေမှ အန်တီလင်ရဲ့ အမျိုးသား လောင်ပါးနဲ့ ဖေးဖေးလည်း ပါဝင်လာခဲ့ပြီး ဟက်ပီးဟာဝါအဖွဲ့လေးကို ဖွဲ့ခဲ့ပါတယ် အစပိုင်းမှာတော့ ဆိုလိုကိုယ်တိုင်နည်းပြလုပ်ခဲ့ပေမယ့် သူတို့အဖွဲ့ကြားနားလည်မှုတွေလွဲကုန်ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်ရပေမယ့် ပြဿနာတက်ပြီး အဖွဲ့ကွဲတော့မလိုဖြစ်ခဲ့ပေမယ့် ဆိုလိုရဲ့ အရင်အသင်းသားဟောင်းအားချန်ရဲ့ ထောက်ပြမှုတွေကြောင့် ပြန်အဆင်ပြေသွားခဲ့ပါတယ် အဲ့ဒါကြောင့် အားချန်တို့ သူတို့ဟက်ပီးဟာဝါရဲ့ နည်းပြအဖြစ်ခန့်လိုက်ပြီး ချန်ပီယံလုပွဲကိုယှဉ်ပြိုင်ဖို့ အကောင်းဆုံး ကြိုးစားလေ့ကျင့်ကြပါတော့ သူတို့အသင်းက တကယ်ပဲ လူငယ်တက်သစ်စ အီးအာကေလာကို အနိုင်ယူပြီး ချန်ပီယံဖြစ်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုလို့ရပါပြီနော် Filesize : 1.33 GB / 760 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Family , Action Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်