အမွှာတွေချည်း စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်အမွှာညီနောင်နှစ်ယောက် ရည်မှန်းချက်မတူကြရာက အဖွဲ့နှစ်ဖွဲ့ ကွဲသွားပါတယ်။ တစ်ဖွဲ့က မကောင်းတဲ့လမ်းကို ရွေးသွားပြီး နောက်တစ်ဖွဲ့ကတော့ တရားမျှတမှုဘက်မှာ ရပ်တည်ကြတယ်။ တစ်နေ့မှာ Lau Hay နဲ့ Uncle Luck တို့က Heaven's Bead လို့ခေါ်တဲ့ အစေ့ကို ဟောင်ကောင်ဆီ သယ်လာရင်း ခြုံခိုတိုက်ခိုက်ခံရလို့ လမ်းမှာပဲ ပျောက်ဆုံးသွားပါတယ်။ ဒီအစေ့မှာ မှော်စွမ်းအင်ရှိပြီး သေဆုံးသူတွေကို ပြန်ခေါ်နိုင်တယ်လို့ ယုံကြည်ကြတာကြောင့် လူဆိုးအမွှာအဖွဲ့က လိုက်ရှာနေပြီး တခြားအဖွဲ့ကတော့ သူတို့ကို တားဆီးဖို့ ကြိုးစားကြတယ်။ တစ်ဖက်မှာ မြို့တော်စီမံကိန်းတွေ လုပ်ဖို့ရှိနေတဲ့ Professor Mok က တူမဖြစ်သူ Li ပိုင်ဆိုင်တဲ့ မြေကွက်တွေကို လိုချင်နေပါတယ်။ သူက Heaven's Bead ကို အသုံးချပြီး အကျပ်ကိုင်ဖို့ လုပ်လာတယ်။ Lau Hay နဲ့ Uncle Luck တို့မှာလည်း ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ အင်အားမမျှတာကြောင့် ပျောက်ဆုံးနေတဲ့ အမွှာအဖွဲ့သားတွေဆီ အကူအညီတောင်းရတော့တယ်။ သူတို့ Heaven's Bead ကို ဘယ်လိုပြန်ယူမလဲ၊ Li တို့ညီအစ်မကိုရော ဘယ်လိုကယ်တင်မလဲဆိုတာ ဆက်တွေ့ရမှာပါ။
ဇာတ်ကားကြည့်ရန်