Kangaroo Island (2025) IMDb Rating (6.5) လူးဟာ စတားတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့မွေးရပ်မြေဩစတေးလျကိုစွန့်ခွာပြီး ဟောလိဝုဒ်ကိုထွက်လာခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပါ။ အခုချိန်မှာတော့ အိမ်မက်တွေဟာ အလှမ်းဝေးမှန်းတန်ဖိုးကြီးကြီးပေးပြီးမှသိလိုက်ရတဲ့သူဟာ မွေးရပ်မြေနဲ့အဝေးမှာလမ်းပျောက်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဖခင်ဖြစ်သူဆီကအိမ်ပြန်လာခဲ့ဖို့နဲ့လေယာဉ်လက်မှတ်တစ်စောင်ကိုပါလက်ခံရှိလိုက်ပေမယ့် အရှုံးနဲ့အိမ်မပြန်ချင်တဲ့အတွက် ခေါင်းမာမာနဲ့ပေကပ်နေခဲ့ပါသေးတယ်။ အရာရာအကြောင်းကြောင်းတွေရဲ့တွန်းပို့မှုကြောင့် မဖြစ်မနေအိမ်ကိုပြန်ရောက်သွားတဲ့ အချိန်မှာသူ့ဖခင်ကြီးဟာ သေစေနိုင်တဲ့ ရောဂါတစ်ခုစွဲကပ်နေခဲ့ရုံတင်မက ရောဂါရဲ့ဖိစီးနှိပ်စက်မှုကိုမခံချင်တဲ့အတွက် သူ့ကိုယ်သူသတ်သေတဲ့နည်းနဲ့လောကကြီးကထွက်သွားတော့မယ်ဆိုတာကိုပါ သူ သိလိုက်ရပါတယ်။ ဒီဇာတ်ကားမှာတော့ သူ့ရဲ့တစ်ဦးတည်းသောအစ်မ၊ ဖခင်ဖြစ်သူ အပါအဝင် သူ့ချစ်သူဟောင်းတစ်ဖြစ်လဲ လက်ရှိအစ်မရဲ့ခင်ပွန်းတို့ကြားက အကြိတ်အခဲတွေ၊ အတိတ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက Deep မယ် dark မယ်ထင်ရပေမယ့် ဟာသနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားသလို ဇာတ်လမ်းအခြေတည်ရာKagaroo ကျွန်းရဲ့သဘာ၀အလှအပတွေကိုအမိအရဖမ်းယူနိုင်တဲ့ Cinematography အပိုင်းကလည်း အရမ်းလှပါတယ်။ မင်းသမီး Rebecca Breedsရဲ့သရုပ်ဆောင်ချက်တွေကိုလည်း အထူးချီးကျူးကြပြီး ဒေသတွင်းရုပ်ရှင်ပွဲတော်တွေမှာ ဆန်ကာတင်ဝင်ခဲ့တဲ့၊ဝေဖန်ရေးဆရာတွေအကြိုက်တွေ့ကြတဲ့ indie-drama ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size… (1.2 GB) / (840 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:50:47 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်