23 000 Lives (2026) ဒီတစ်ခါမှာတော့ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Documentary ဇာတ်ကားတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျာမန်အခြေစိုက် အရေးပေါ်ကယ်ဆယ်ရေးအသင်းတစ်ခုအပေါ် ဇာတ်အိမ်တည်ထားပြီး သူတို့ရဲ့ မြေထဲပင်လယ်တစ်လျှောက် ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် ရေးဘေးဒုက္ခတွေကိုရင်ဆိုင်ရတဲ့ ဒုက္ခသည်တွေကို သွားရောက်ကူညီတဲ့အကြောင်း တစ်စေ့တစ်စောင်းရိုက်ကူးပေးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူးကတ်စ်ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ အသက်ငယ်စဉ်ကတည်းက လူမှုကူညီရေး အသက်ကယ်ဆယ်ရေးတွေအကြောင်းကို စိတ်ဝင်စားပြီး ပရဟိတစိတ်ရှိလာခဲ့တာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့တစ်လျှောက် ဒီပရဟိတစိတ်က စိတ်ကူးစိတ်သန်းတစ်ခုအနေနဲ့ရှိရုံတင်သာမက လက်တွေ့မှာအကောင်အထည်ဖော်ဖို့ပါ တကယ်စိတ်ပါတဲ့အထိဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာနိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ တက္ကသိုလ်တက်နေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဂျာမန်နိုင်ငံအနီးရှိ မြေထဲပင်လယ်ဝန်းကျင်မှာ ရေးဘေးအန္တရာယ်ဖြစ်ပြီး ဒုက္ခရောက်နေသူ သေဆုံးနေရသူပေါင်းများစွာကို လူးကတ်စ်တစ်ယောက်ကြုံလာရတဲ့အခါ လူမှုကယ်ဆယ်ရေးလုပ်ဖို့အတွက် စတင်ကြိုးပမ်းလာပါတော့တယ်။ အစပိုင်းမှာတော့ သူကိုယ်တိုင်နဲ့ အသိသူငယ်ချင်းတစ်ဦးသာရှိတဲ့အတွက် ဘယ်လူမှုကူညီရေးအသင်း ဘယ်ငွေကြေးစီမံဌာနမှကူညီပံ့ပို့ပေးချင်တာမျိုးမရှိခဲပေမယ့် လပေါင်းများစွာကြိုးစားပြီး တောင့်ခံလာတာနဲ့အမျှ တဖြည်းဖြည်း လှူဒါန်းသူတွေ မီဒီယာတွေက အရေးစိုက်လာခဲ့ပြီး နောက်ပိုင်းမှာ ပညာရှင်တွေကနေပါ ပရဟိတအနေနဲ့ နောက်ကွယ်ကနေ ပံ့ပိုးကူညီလာကြတဲ့အခါ ဒီမြေထဲပင်လယ်မှာ အသက်အန္တရာယ်ရှိနေတဲ့ လူများစွာထဲကမှ အသက်ပေါင်း ၂၃၀၀၀ ကူညီပေးနိုင်ခဲ့တဲ့ လူးကတ်စ်ရဲ့ရေဘေးကယ်ဆယ်ရေးခရီးစဉ်က လက်တွေ့အကောင်အထည်ပေါ်လာပါတော့တယ်။ File size… (1.9 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:55:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်