ပထမကမ္ဘာစစ်ရဲ့ အနောက်ပိုင်းစစ်မြေပြင်မှာ စစ်သားတွေ တိုက်ပွဲဝင်ရင်း ဖြတ်သန်းနေရတဲ့ဘဝကို အခြေခံထားတဲ့ ဂျာမန်စစ်ကားပါ။ နယ်မြေအနည်းငယ် ရှေ့တိုးနိုင်ဖို့အတွက်တောင် အသက်တွေ အများကြီး ပေးဆပ်နေရတဲ့ စစ်မြေပြင်မှာ သူတို့ မျှော်လင့်နေတာက စစ်ပွဲပြီးဆုံးမယ့်နေ့ကိုပါပဲ။ တိုက်ပွဲတွေကို သူရဲကောင်းတို့ရဲ့ ဂုဏ်သိက္ခာအဖြစ် တင်ပြတာထက် စစ်ကြောင့် လူတွေ ဘယ်လိုဆုံးရှုံးရ၊ စိတ်ပျက်ရသလဲဆိုတဲ့ဘက်ကနေ ပုံဖော်ထားပါတယ်။ သားဖြစ်သူ စစ်ထဲမှာ သေသွားပေမယ့် ဘာဂုဏ်သိက္ခာမှ ခံစားရတယ်လို့ မကြားခဲ့ရဘူးဆိုတဲ့ စကားမျိုးကလည်း ကျန်ရစ်သူတွေရဲ့ခံစားချက်ကို ဖော်ပြနေတယ်။ ဇာတ်လမ်းနောက်ခံဖြစ်တဲ့ ပထမကမ္ဘာစစ်ဟာ ဩစတြီးယား-ဟန်ဂေရီက ဆားဘီးယားကို စစ်ကြေညာရာကနေ ၁၉၁၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်မှာ စတင်ခဲ့ပြီး ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှာ ပြီးဆုံးခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ခဲ့ပြီး ရုရှား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ ဆားဘီးယား၊ အီတလီနဲ့ အမေရိကန်တို့က ဩစတြီးယား-ဟန်ဂေရီ၊ ဂျာမနီ၊ ဘူလ်ဂေးရီးယားနဲ့ အော်တိုမန်အင်ပါယာတို့ကို တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲအတွင်း သေဆုံးမှုတွေအပြင် ဒဏ်ရာ၊ ငတ်မွတ်မှုနဲ့ ရောဂါဘေးတွေကြောင့်လည်း လူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဇာတ်ကားကြည့်ရန်