အမေရိကန်လေထီးတပ်သားဟောင်း ဘရစ်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စစ်တပ်ကနေ အငြိမ်းစားယူခဲ့ရပါတယ်။ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ပြန်လုပ်ချင်ပေမယ့် ဆေးမှတ်တမ်းကြောင့် အလုပ်ရဖို့ အခက်တွေ့နေတယ်။ သူလိုချင်တဲ့အလုပ်အတွက် ဗိုလ်ကြီးရဲ့ ထောက်ခံချက်လိုနေလို့ အကူအညီသွားတောင်းတဲ့အခါ ဗိုလ်ကြီးကလည်း အပြန်အလှန်အနေနဲ့ တာဝန်တစ်ခု ပေးလိုက်ပါတယ်။ အဲဒီတာဝန်က သူနဲ့အတူ တာဝန်ထမ်းဆောင်ဖူးတဲ့ ခွေးမလေး လူလူကို ခရီးတစ်ခု ပို့ပေးဖို့ပါ။ လူလူရဲ့ခွေးထိန်း ရိုင်လီက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့လို့ သူ့မိသားစုက ဈာပနမှာ လူလူကို ရှိစေချင်ကြတယ်။ ဒါပေမယ့် လူလူဟာ တခြားခွေးထိန်းတွေနဲ့ ရဲဘော်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့အထိ ကိုက်ခဲတိုက်ခိုက်ခဲ့ပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေက ကုသလို့မရနိုင်တော့တဲ့ စိတ်ဒဏ်ရာအခြေအနေလို့ သတ်မှတ်ထားပြီး ဈာပနပြီးရင် ဆေးထိုးသတ်ဖို့ ဆုံးဖြတ်ထားကြတယ်။ ဘရစ်က ကြမ်းတမ်းနေတဲ့ လူလူကို ကားပေါ်တင်ပြီး နိုင်ငံတစ်ဝက်လောက်ကို ဖြတ်မောင်းကာ ဈာပနဆီ ပို့ပေးရမှာပါ။ အဲဒီနောက် လူလူကို ဆေးထိုးသတ်မယ့် စခန်းဆီ ဆက်ပို့ရဦးမယ်။ ဒီတာဝန်ပြီးမြောက်ရင်တော့ သူလိုချင်တဲ့အလုပ်ရဖို့ ဗိုလ်ကြီးက ထောက်ခံပေးမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ဘရစ်နဲ့ လူလူတို့နှစ်ယောက် လမ်းခရီးမှာ ဘယ်လိုစွန့်စားခန်းတွေ ကြုံကြရမလဲဆိုတာ ဆက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်