Southern Scares (2026) IMDb Rating (3.7) ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့တစ်နေ့မှာ ဗီဒီယိုခွေဆိုင်ရှင် ကောင်မလေး အယ်လန်ဟာ ပျောက်ဆုံးသွားတဲ့ သူ့အစ်မ ရိုဘာတာချန်ထားခဲ့တဲ့ တိတ်ခွေတွေကို မတော်တဆတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအခွေတွေကတော့ သူ့အစ်မရိုက်ကူးခဲ့တဲ့ "Southern Scares" ဆိုတဲ့ ဒေသတွင်း သဘာဝလွန်ဖြစ်ရပ်မှန် မှတ်တမ်းတင်ရုပ်ရှင်စီးရီးတွေပါပဲ။ ရိုဘာတာရဲ့ တိတ်ခွေတွေကိုတစ်ခွေပြီးတစ်ခွေဖွင့်ကြည့်ရင်းအီလန်တစ်ယောက်တုန်လှုပ်စရာလျှို့ဝှက်ချက်တွေကိုသိလာရပါတော့တယ်။ ဗီဒီယိုထဲမှာ ရိုဘာတာဟာ ဒေသတွင်းက သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့နေရာတွေကို လိုက်လံမှတ်တမ်းတင်ရာကနေ တစ်ဖြည်းဖြည်း ကျန်းမာရေးချို့ယွင်းလာပြီး စိတ်အခြေအနေပါပျက်ပြားလာရာကနေ လူကိုယ်တိုင်ပျောက်ဆုံးသွားခဲ့ရတာပါ။ အီလန်တစ်ယောက် အစ်မဖြစ်သူကိုရှာဖွေဖို့နဲ့ သူ့အစ်မကိုဖိစီးနှိပ်စက်ခဲ့တဲ့အမှောင်ထုရဲ့ပဟေဠိကိုရှာဖွေဖော်ထုတ်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၉၀ နှစ်တွေကိုအခြေခံထားသလို VHS ဖန်သားပြင် interference လိုင်းတွေ၊ Analog footage ပုံစံမျိုးတွေနဲ့ ခေတ်ဟောင်းအငွေ့အသက်ကိုကွက်တိဖော်ဆောင်ထားပါတယ်။ သွေးသံရဲရဲတွေ၊ ရွံရှာစရာအထူးပြုလုပ်ချက်တွေ၊ Jump scare တွေနဲ့ခြောက်လှန့်တဲ့ ဇာတ်ကားမျိုးမဟုတ်ပဲ နောက်ခံပတ်ဝန်းကျင်ကနေ တိတ်တဆိတ်ကြောက်ရွံ့လာစေမယ့်ကားမျိုးပါ။ နာမည်ကျော် "Goosebumps" နဲ့ "The Blair Witch Project" တို့ကို ပေါင်းစပ်ထားသလိုမျိုးဖြစ်ပြီးကလေးတွေပါ ကြည့်နိုင်မယ့် PG အဆင့်မျိုးနဲ့အကြောက်တရားကိုရင်ထဲထည့်ပေးနိုင်ပါတယ်။ File size… (1.6 GB) / (900 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror,Mystery Duration…. 01:14:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်