Sterling Point (2026) ဒီဇာတ်လမ်းတွဲကတော့ Coming-of-Age, Young Adult Drama နဲ့ Mystery အမျိုးအစား Amazon Prime Video ရဲ့ ဇာတ်လမ်းတွဲအသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Megan Park (The Fallout, My Old Ass) က ဖန်တီးရိုက်ကူးထားပြီး The O.C. နဲ့ Gossip Girl တို့ရဲ့ စီစဉ်သူတွေပါ ပူးပေါင်းထုတ်လုပ်ထားတာပါ။ သရုပ်ဆောင်တွေအဖြစ် Ella Rubin, Amélie Hoeferle, Keen Ruffalo, Jay Duplass နဲ့ Jacob Whiteduck-Lavoie တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး အပိုင်း ၈ ပိုင်း ပါဝင်ပါတယ်။ နယူးယော့ခ်မြို့မှာ မွေးစားအဖေနဲ့ အမြွှာမောင်ဖြစ်သူ Connor တို့နဲ့အတူ နေထိုင်ကြီးပြင်းလာခဲ့တဲ့ ၁၇ နှစ်အရွယ် Annie ဆိုတဲ့ ကောင်မလေးဆီကနေ ဇာတ်လမ်းစတာပါ။ တစ်နေ့မှာတော့ သူမ လျှောက်ထားတဲ့ နွေရာသီ ပရိုဂရမ် ငြင်းပယ်ခံရအပြီးမှာ လုံးဝမတွေ့ဖူးဘဲ မကွယ်လွန်မီအထိ ထိတွေ့ခွင့်မရခဲ့တဲ့ အဘိုးဖြစ်သူထံကနေ ကနေဒါနိုင်ငံ Lake Muskoka ဒေသက "Sterling Point" ဆိုတဲ့ သီးခြားကျွန်းလေးတစ်ကျွန်းကို အမွေရရှိခဲ့ကြောင်း စာတစ်စောင် ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ အတိတ်နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်အကြောင်း အမှန်တရားကို စုံစမ်းဖို့ Annie တစ်ယောက်တည်း အဲဒီကျွန်းဆီ လျှို့ဝှက်ထွက်ခွာလာခဲ့ရာကနေ မထင်မှတ်ဘဲ အိမ်ထဲမှာ အသင့်နေထိုင်နေတဲ့ Ramona ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ Ramona ဟာ Annie ရဲ့ မွေးမိခင်နဲ့ ရုပ်ချင်း လုံးဝဆင်တူနေပြီး နောက်ပိုင်းမှာမှ အဘိုးဖြစ်သူရဲ့ စာအဆက်အသွယ်တွေကနေတစ်ဆင့် သူတို့နှစ်ယောက်ဟာ မသိခဲ့ရတဲ့ ညီအစ်မအရင်းတွေ ဖြစ်နေမှန်း အံ့ဩဖွယ် သိရှိလိုက်ရပါတော့တယ်။ အဲဒီနောက်မှာတော့ ကျွန်းကို ရောင်းစားဖို့ ရောက်ရှိလာတဲ့ အမြွှာမောင် Connor၊ ကျွန်းပေါ်က လူငယ်တွေရဲ့ အချစ်ရေး ရှုပ်ထွေးမှုတွေနဲ့အတူ မိသားစုရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရင်း၊ အမွေဆက်ခံမှုနဲ့ ညီအစ်မ သံယောဇဉ်ကြား ရုန်းကန်ကြရမယ့် ပေါ့ပေါ့ပါးပါးနဲ့ သည်းထိတ်ရင်ဖို Drama ဇာတ်လမ်းတွဲကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်