Youngblood (2026) +++++++++++ ယန်းဘလက်တို့ မိသားစုက မျိုးရိုးစဥ်ဆက် ဟော်ကီကစားသမားအသိုင်းအဝိုင်းပါ။ အဖေဖြစ်သူကလည်း ဟော်ကီကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး အစ်ကိုကလည်း တက်လမ်းရှိတဲ့ ဟော်ကီကစားသမားပေါက်စတစ်ယောက်ဖြစ်နေပါပြီ။ ယန်းဘလတ် ရဲ့ အဖေက ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းခဲ့ရပြီး ယန်းဘလတ်ရဲ့ နူးညံ့တဲ့အမေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖေက ကြမ်းတမ်းဖို့သင်ရင် အမေက နူးညံ့ဖို့ သင်ပေးလေ့ရှိတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ယန်းဘလတ် အသက်ကိုးနှစ်သားမှာကတည်းက အမေဖြစ်သူ ဆုံးပါးသွားတာကြောင့် အဖေနဲ့ပဲ ကြီးပျင်းခဲ့ရပြီး ကြမ်းတမ်းတဲ့ဘဝအကြောင်းကို သင်ယူရင်း ဟော်ကီကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ အစ်ကိုဖြစ်သူ ဒဏ်ရာရသွားလို့ ဆက်မကစားနိုင်တော့ချိန်မှာ အဖေရဲ့ မျှော်လင့်ချက်တွေကလည်း ယန်းဘလတ်အပေါ် မူတည်လာပါတော့တယ်။ ဒါပေမဲ့ အရည်အချင်းအရမ်းရှိပေမဲ့ သွေးဆူလွယ်တဲ့ ယန်းဘလတ်က မကြာခဏ ကွင်းထဲမှာ ရန်ဖြစ်တတ်ပါတယ်။ နောက်ဆုံးတစ်ကြိမ် ရန်ဖြစ်တဲ့အခါမှာတော့ အလွန်အကျွံဖြစ်သွားပြီး ရာသီကုန်ထိပွဲပယ်ခံလိုက်ရတာကြောင့် အသင်းပြောင်းရွှေ့ဖို့အတွက် ဖြစ်လာပါတော့တယ်။ နည်းပြဖြစ်သူရဲ့ အချိတ်အဆက်နဲ့ အသင်းပြောင်းပြီး တစ်ခြားတစ်နေရာကို ရောက်တဲ့အခါမှာရော အဆင်ပြေမလား၊ ဘာတွေကြုံတွေ့ရဦးမလဲ ကြည့်ရှုကြရမှာပါ။ File Size… (1.22GB) / (770MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 44m Genre ….Drama , Romance , Sport Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်