The Beach (2000) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ကမ္ဘာကျော် သရုပ်ဆောင်တွေဖြစ်တဲ့ လီယိုနာဒိုနဲ့ တီလ်ဒါ ဆွင်တန်တို့ ငယ်ရွယ်နုပျိုစဉ်က အချိန်လေးတွေကို ပြန်မြင်ရမှာပါ။ ဇာတ်လမ်းအကျဉ်း ရစ်ချတ် တဖြစ်လည်း လီယိုနာဒိုဟာ ထိုင်းနိုင်ငံကို အလည်ခရီးထွက်လာခဲ့ရာကနေ သူတည်းတဲ့မိုတယ်လေးမှာ အရူးလိုလို စိတ်လွတ်နေတဲ့လူတစ်ယောက်က ဒီပင်မကုန်းမြေနဲ့ သိပ်မဝေးတဲ့နေရာမှာ တကယ့်ကို သုခဘုံလို့ တင်စားရတဲ့ လျို့ဝှက်ကျွန်းလေးတစ်ခုရှိကြောင်း တောင်ရောက်မြောက်ရောက် လျှောက်ပြောနေခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီဆေးကွဲနေတဲ့ ဘီးကြဲက ရစ်ချတ်ကို မြေပုံပေးခဲ့ပြီး အဲဒီကျွန်းမှာ ဝေါ်ကီးတွေလည်း အလျှံပါယ် ရှိပြီးတော့ တကယ့်ကို သာယာလှပကြောင်း ပရိုမိုးရှင်းတွေ ဆင်းနေခဲ့ပါတော့တယ်။ ဒါကို ယုံတဝက် မယုံတဝက်ဖြစ်နေတဲ့ ရစ်ချတ်ကလည်း တစ်မိုတယ်တည်းမှာ တည်းဖြစ်တဲ့ ပြင်သစ်စုံတွဲကို ပြောပြပြီး သူတို့သုံးဦးသား တကယ်သွားကြည့်ဖို့ ခရီးထွက်ကြပါတော့တယ်။ ဒီတော့ ဒီကျွန်းက ပါးစပ်ပြောရာဇဝင်ပဲလား၊ တကယ်ပဲ အပြင်မှာ ရှိလား၊ ရစ်ချတ်တို့သုံးယောက်သား ဒီလျို့ဝှက်ကျွန်းကို ဘယ်လိုများ ရှာဖွေကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်