စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ်အဖြစ် ရောက်လာတဲ့ ဘရိုင်ယန်က ရိုးရိုးအေးအေး ကောင်လေးတစ်ယောက်ပါ။ ကျောင်းသားကြီးတွေကြားမှာ မျက်စိသူငယ် နားသူငယ်ဖြစ်နေတုန်း အခန်းဖော်ဆီက မန်မိုရီစတစ်တစ်ချောင်းကို မှားဖွင့်မိသွားတယ်။ အဲဒီကနေ သူနဲ့ သူ့အစ်ကိုပါ ပါဝင်ပတ်သက်မိတဲ့ ပြဿနာတွေကို ဖြေရှင်းရပါတော့တယ်။ တစ်ဖက်မှာလည်း တစ်ယောက်ယောက်က ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်လုပ်ပြီး သူလိုချင်တဲ့ပုံစံအတိုင်း ထိန်းချုပ်နေပါတယ်။ ဘရိုင်ယန်၊ သူ့အစ်ကို၊ အခန်းဖော်နဲ့ ဆက်စပ်နေတဲ့ ကျောင်းသူတွေပါ ဒီအဖြစ်အပျက်တွေကြားထဲ ရောက်လာပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီဇာတ်ကားက ကျောင်းသားဘဝကို နောက်ခံထားတဲ့ ထိတ်လန့်မှုခင်းဇာတ်လမ်းပါ။ အွန်လိုင်းမှာ လူအများကြီးနဲ့ ဆက်သွယ်နေပေမဲ့ အပြင်မှာ အထီးကျန်နေရတဲ့ဘဝတွေ၊ ငွေပေးသူရဲ့ တောင်းဆိုမှုအလိုက် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုကနေ အားပေးနှစ်သိမ့်စကား ပြောပေးတာအထိ လုပ်ပေးကြတဲ့ ဝက်ဘ်ကမ်ဖျော်ဖြေရေးလောကအကြောင်းကိုလည်း မူရင်းအညွှန်းက နောက်ခံအဖြစ် ဆွေးနွေးထားပါတယ်။ ပေးတဲ့ငွေများလာတာနဲ့အမျှ တောင်းဆိုမှုတွေ လွန်ကဲလာနိုင်ပုံကိုပါ ထောက်ပြထားတယ်။ အမျိုးသားချင်း ချစ်ကြိုက်မှုကို အသားပေးထားပြီး ကျောင်းသားတွေရဲ့ ပါတီတွေ၊ နောက်ပြောင်မှုတွေနဲ့အတူ ဇာတ်လမ်းအလှည့်အပြောင်းတွေ ပါဝင်ပါတယ်။ အဖော်အချွတ်၊ လိင်ဆက်ဆံခန်းတွေနဲ့ ကြမ်းတမ်းတဲ့ စကားအသုံးအနှုန်းတွေ ပါတဲ့အတွက် မိသားစုအတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။
ဇာတ်ကားကြည့်ရန်