Warkop DKI Kartun (2025) IMDb Rating (6.6) ခွက်ထိုးခွက်လန် ရယ်ရမဲ့ အင်ဒိုနီးရှား ကာတွန်းကားတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ CHIIPS ဆိုတဲ့ တပ်ဖွဲ့ရဲ့ အေးဂျင့်တွေဖြစ်တဲ့ Dono, Kasino, နဲ့ Indro ရဲ့ စွန့်စားခန်းမစ်ရှင်တွေနဲ့ အလွဲတွေကို ဒီဇာတ်လမ်းမှာ အခန်းသုံးပိုင်းနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ပထမမစ်ရှင်ကတော့ မြိုတစ်မြိုလုံး ဖုံးလွှမ်းနေတဲ့ သံမှိုတွေကို ရှင်းထုတ်ပေးဖို့ သံမှိုရှင်းလင်းစက်ရုပ်ကို ဖန်တီးကြပါတယ်။ ဒုတိယမစ်ရှင်မှာတော့ မူလတန်းကျောင်းက မေးခွန်းအဖြေလွှာတွေကို ပေါက်ကြားအောင်လုပ်နေတဲ့ မာဖီးယားအဖွဲ့ကို ဖမ်းရမှာပဲဖြစ်ပါတယ်။ အရယ်ရဆုံးဖြစ်တဲ့ တတိယမစ်ရှင်မှာတော့ အနောက်ကိုရီးယားနဲ့ အင်ဒိုနီးရှားရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးကစားသမားတွေအဖြစ်နဲ့ ရုပ်ဖျက်နှောင့်ယှက်ပြီးတော့ အနုမြူဗုံးအကြဲခံရမဲ့ဘေးကနေ ကာကွယ်ဖို့ ကြိုးစားကြတာပဲဖြစ်ပါတယ်။ ဟာသကားတွေကြိုက်တဲ့သူ ဒါမှမဟုတ် အပျင်းပြေ ကာတွန်းကားကြည့်ချင်တယ်ဆိုရင်တော့ အူနာအောင်ရယ်နေရမဲ့ ဒီကာတွန်းကားလေးတွေကို recommend ပေးလိုက်ပါတယ်။ File size… (1.4 GB) / (680 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Animation,Comedy,Fantasy,Science Fiction Duration…. 01:19:03 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်