အိန္ဒိယနိုင်ငံက ရွာလေးတစ်ရွာမှာ အဘိုးအို ပူချီဟာ ခြင်းတောင်းရက်ရောင်းပြီး မြေးလေး ကူမရီဆန်နဲ့အတူ နေထိုင်ပါတယ်။ ရိုးသားကြင်နာတဲ့ ပူချီအတွက် မြေးလေးက စိတ်ပူပေးရဆုံးသူပါ။ ရွာမှာ ဟိန္ဒူအမျိုးဇာတ်ခွဲခြားမှုကြောင့် ဖြစ်ခဲ့တဲ့ အဓိကရုဏ်းအတွင်း ကူမရီဆန်ရဲ့ မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့လို့ မြေးအဘိုးနှစ်ယောက်ပဲ ကျန်ခဲ့ကြတာပါ။ ပူချီကတော့ မြေးကို ကျောင်းကောင်းကောင်းမှာထား၊ ပညာသင်ပေးပြီး ကောင်းမွန်တဲ့ဘဝတစ်ခု ရစေချင်တယ်။ တစ်နေ့မှာ ပူချီရဲ့ မြေရှင်ဖြစ်သူ ဗယ်လရမ်က ဝက်သားစားချင်လို့ ဝက်တစ်ကောင် ရှာပေးဖို့ ခိုင်းလာပါတယ်။ ဝက်သားဟာ ဒေသခံအစားကြူးသူတွေ နှစ်သက်ကြပေမယ့် အမျိုးဇာတ်ထိန်းသိမ်းသူတွေကတော့ ရှုတ်ချကြတဲ့ အသားပါ။ ဒေါသကြီးတဲ့ မြေရှင်ရဲ့အလိုကို ဖြည့်ပေးဖို့ ပူချီတို့ မြေးအဘိုးနှစ်ယောက် အလုပ်ရှုပ်ကြရတော့တယ်။ ဝက်ပေါ်ပြီးချိန်မှာတော့ ဗယ်လရမ်လိုပဲ ဝက်သားကြိုက်တဲ့ ရွာသားတွေ စုရုံးလာကြပါတယ်။ ဝက်သားနဲ့ အရက်ကို မြည်းရင်း မူးလာကြတဲ့အခါ နဂိုကတည်းက မာနနဲ့ဒေါသကြီးတဲ့ မြေရှင်တွေကြား ဘာတွေဖြစ်လာမလဲ။ အဲဒီတင်းမာမှုတွေကြားမှာ ပူချီတို့ မြေးအဘိုးနှစ်ယောက်ကရော ဘယ်လို ရှေ့ဆက်ကြရမလဲ။
ဇာတ်ကားကြည့်ရန်