ဇာတ်အိမ်ကြီးကြီးနဲ့ ကြည့်ချင်တဲ့ CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်တော့ Tantra ဆိုတဲ့ အိန္ဒိယဇာတ်လမ်းရှည်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့... Prithvi Khannaနဲ့ သူ့ရဲ့မိသားစုဟာ သူတို့ရဲ့ အိမ်မက်အိမ်လေးကို ဝယ်ပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ သာယာစရာ မိသားစုအိမ်လေးပဲဖြစ်ပါတယ် ဒါပေမဲ့ ပျော်လို့တောင်မဝသေးခင် Prithvi Khanna နဲ့ သူ့သမီးဟာ ပြဿနာတွေရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ် မောင်နှမ ညီအစ်ကိုဆိုတာ ကိုယ့်အချင်းချင်းဆို အရာရာနားလည်ပေးပြီး သင့်မြတ်ကြပေမဲ့ သူတို့ကြားကို သူစိမ်းတွေဝင်လာတဲ့အခါမှာတော့ မိန်းမစကား သားသမီးမျက်နှာတွေကြောင့် သွေးကွဲစရာတွေကြုံလာရပါတယ် မိသားစုဝင်အချင်းချင်း အသာစီးရချင်မှုတွေ စည်းစိမ်တပ်မက်မှုတွေ အရေးပေးခံချင်မှုတွေနဲ့ လောဘဇောတွေကပ်လာကြပါတော့တယ် မိသားစုဝင်တွေကြား ရှေ့တင်တော့ကောင်းဟန်ဆောင် နောက်ကွယ်မှာ လုပ်ကြံချောက်ချဖို့ကြံနေကြပြီး အောက်လမ်းနည်းတွေပါမကျန်သုံးကာ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်လာချိန်မှာတော့ Prithvi Khannaတို့ သားအဖနှစ်ယောက် လူတွေနဲ့ မမြင်နိုင်တဲ့ အမှောင်လောကကို ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ် ဒီကားလေးမှာဆိုရင် သာမန်ကားတွေနဲ့ မတူဘဲ အိန္ဒိယရဲ့ မိသားစုကြီးထဲက လူတစ်ဦးချင်းစီရဲ့ လောဘ တပ်မက်မှု ရိုးသားမှု အတွင်းစိတ်တွေကို ပီပီပြင်ပြင် ဇာတ်လမ်းတည်ဖော်ပြထားတာကြောင့် မိသားစုအရှုပ်အထွေးပဋိပက္ခတွေကို ကြည့်ချင်နေတဲ့လူတွေအတွက် ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားပြီး စောင့်မျှော်ကြည့်ရှုရမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် လက်မလွှတ်သင့်ပါဘူးနော် Total Episode : 91 Quality : WEB-Rip 720p Format : mp4 Genres : Drama , Mystery Subtitle : Myanmar Sub ( Hardsub ) Review By Yamin Ei
ဇာတ်ကားကြည့်ရန်