★ 5.2
ဇာတ်ကား / 2008Superhero Movie
Rick Ricker ဟာ Dragonfly လို့ခေါ်တဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံရပြီး ပုစဉ်းလူသားဖြစ်လာပါတယ်။ အစွမ်းတွေရလာတဲ့ သူတစ်ယောက် ဘယ်လိုပေါက်ကရတွေ လုပ်မိမလဲ၊ ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ဟာသပုံစံနဲ့ ပြထားတာပါ။ ဒီကားက စူပါဟီးရိုးဇာတ်ကားတွေထဲက အဖြစ်အပျက်တွေနဲ့ ဇာတ်ကောင်တွေကို ယူပြီး လှောင်ပြောင်ထားပါတယ်။ ဘတ်မန်းရဲ့ မိဘတွေဆုံးပါးတဲ့အဖြစ်ကနေ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန်ဆုံးပါးတဲ့အဖြစ်အထိ ပုံစံယူထားသလို X-Men ထဲက ချားစ်ဇေးဗီးယား၊ ဝူဗာရင်းနဲ့ Fantastic Four တို့လည်း ပါဝင်တယ်။ စပိုက်ဒါမန်းရဲ့ အစွမ်းနဲ့ တာဝန်အကြောင်း ပြောတဲ့ နာမည်ကြီးစကားကိုတောင် အစွမ်းကြီးလာရင် မိန်းမချောတွေပါ ကပ်ပါလာမယ်ဆိုပြီး ဟာသလုပ်ထားပါတယ်။
ဇာတ်ကားကြည့်ရန်