ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့ ချင်းမင်းဆက်ခေတ် အလယ်ပိုင်းကာလကို ဇာတ်အိမ်ဖွဲ့တည်ဆောက်ထားတဲ့ စိတ်ဝင်စားဖွယ် သိုင်းရှပ်ရှင်လေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ လူသိများတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မမ Angelababy တို့ Tony Leung Ka-fai တို့ မင်းသားကြီး Feng Shao Feng တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားပါသေးတယ် အင်အားကြီးမားခဲ့တဲ့ တိုင်းပြည်တစ်ခုဟာ အတွင်း အပြင် ဖိအားတွေကြားကနေ တဖြည်းဖြည်း ဆုတ်ယုတ်သွားတဲ့အခြေအနေရောက်လာပြီး အပြင်ဘက်မှာတော့ အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်ဖိအားတွေ အတွင်းပိုင်းမှာထျန်းလီဂိုဏ်းဆိုတဲ့ အဖွဲ့ကြီးရဲ့ လှုပ်ရှားမှုတွေကြောင့် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်နေတဲ့ အချိန်ကာလမှာတော့အဓိကဇာတ်ကောင်အနေနဲ့ကတော့ “ထူးခြားတဲ့လူ” တစ်ယောက်ဖြစ်တဲ့ လုချန်ဟာ သာမန် သိုင်းပညာရှင်တစ်ယောက် မဟုတ်ဘဲ အတွင်းမှာ အလွန်ရှားပါးပြီး အစွမ်းထက်တဲ့ အရည်အချင်းတစ်ခုရှိနေခဲ့ပါတယ်… ဒီစွမ်းအားဟာ အကျိုးရှိရုံသာမကဘဲ အန္တရာယ်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလည်း ဖြစ်နေခဲ့ပါတယ် သူ့ခန္ဓာကိုယ်က ဒီစွမ်းအားကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတာကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်တဲ့ အခြေအနေထိ ရောက်နေတဲ့အခါ သူ့ကို ကယ်တင်ပေးနိုင်မဲ့တစ်ခုတည်းသောနေရာက ချန်မိသားစုရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ချန်စတိုင်လက်သီးသိုင်းကို သင်ယူရဖို့ဖြစ်လာတဲ့အခါ… ဒီဇာတ်ကားဟာ သမိုင်းနောက်ခံ သိုင်းပညာ ကာရိုက်တာဖွံ့ဖြိုးမှုသုံးခုကို သေချာပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး အက်ရှင်ကြိုက်သူတွေအတွက်သာမက ကာရိုက်တာ Growth ကို နှစ်သက်သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်လမ်းဖြစ်ပါတယ် Filesize : 1.99 GB / 1.01 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action and Drama Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub )
ဇာတ်ကားကြည့်ရန်