No Highway In The Sky (1951) IMDb 7.1/10 ခေတ်ပေါ် နောက်ဆုံးထွက်ကားတွေ plot မကောင်းလို့ အင်္ဂလိပ်ရှေးဟောင်းကားလေးတွေ ပြောင်းစမ်းကြည့်ချင်ရင်ဖြစ်ဖြစ် ဒီတိုင်းကြိုက်တတ်လို့ဖြစ်ဖြစ် ကြည့်ဖို့ထည့်စဉ်းစားသင့်တဲ့ ၁၉၅၁ခုနှစ်ထွက် အင်္ဂလိပ်ကားလေးအကြောင်း ပြောပြပါရစေ။ စကော့ဟာ လေကြောင်းကုမ္ပဏီတစ်ခုမှ လေယာဉ်ကိုယ်ထည်မှာသုံးတဲ့ သတ္တုစထုတ်ဖော် တပ်ဆင်ရေး ကြီးကြပ်သူအသစ် အဖြစ်ရောက်ရှိလာခဲ့ပါတယ်။ စက်ရုံမှာ အလုပ်အကြောင်း လေ့လာရင်း သတ္တုပိုင်းဆိုင်ရာ လေ့လာစမ်းသပ်သူ သိပ္ပံပညာရှင် သီအိုဒေါဟန်နီနဲ့ တွေ့ဆုံခဲ့ပြီး မစ္စတာဟန်နီရဲ့ အလုပ်ကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ မစ္စတာဟန်နီဟာ မော်ဒယ်သစ် ရိန်းဒီးယားလေယာဉ်တွေမှာ သုံးထားတဲ့ လေယာဉ်အမြှီးပိုင်းဟာ နာရီပေါင်း ၁၄၄၀ကြာပြီးနောက်မှာ ကွဲအက်ပျက်စီးသွားမယ်လို့ ယုံကြည်ပြီး စမ်းသပ်နေသူပါ။ သို့သော်ငြားလည်း သက်သေတစ်စုံတစ်ရာ မပြသနိုင်သေးတာမို့ စမ်းသပ်နေဆဲဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက် လဘရယ်ဒေါမှာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး အမြှီးပိုင်းကိုလည်း ရှာမတွေ့နေတာမို့ အကြီးပိုင်းတွေက ဟန်နီ့ကိုသွားရောက်စစ်ဆေးဖို့ ခိုင်းစေလိုက်ပါတယ်။ ဖြစ်ချင်တော့ သူစီးသွားတဲ့လေယာဉ်ကလည်း ရိန်းဒီယားလေယာဉ်ဖြစ်နေပြီး ပျံသန်းခဲ့ချိန်ကလည်း ၁၄၂၇နာရီလောက်ကိုရောက်နေပါပြီ။ ဆိုတော့ မစ္စတာဟန်နီတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ။ တကယ်ရော ပျက်ကျမလားဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာပါ။
ဇာတ်ကားကြည့်ရန်